ရန်ကုန်တိုင်းဒေသကြီးတွင်၂၀၁၈ ခုနှစ်အတွင်း ခရီးသည်တင် YBS ယာဉ် မတော်တဆမှုများကြောင့် သေဆုံးသူ ၃၀ ကျော်အထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၆၀ ကျော် အထိရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က စုံစမ်းသိရသည်။
ခရီးသည်တင် YBS ယာဉ်မတော်တဆ ဖြစ်ပွားမှုများမှာ ဇန်နဝါရီလအတွင်း ယာဉ်မတော်တဆမှု ၁၂ မှုဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီလအတွင်း ယာဉ်မတော်တဆမှု ၁၁ မှုဖြစ်ပွား ခဲ့ပြီး သုံးဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့ သည်။ မတ်လအတွင်း ယာဉ်မတော်တဆမှု ၁၂ မှုဖြစ်ပွားကာ တစ်ဦးသေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဧပြီလအတွင်း ယာဉ်မ တော်တဆမှု ရှစ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။
မေလအတွင်း ယာဉ်မတော်တဆမှု ၁၄ မှုဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ဇွန်လအတွင်း ယာဉ်မ တော်တဆမှု ၂၁ မှုဖြစ်ပွားခဲ့ပြီး ခြောက်ဦး သေဆုံးကာ ၁၈ ဦးဒဏ်ရာရရှိခဲ့သည်။ ဇူလိုင်လအတွင်း ယာဉ်မတော်တဆမှု ၁၅ မှုဖြစ်ပွား ခဲ့ပြီး လေးဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရရှိခဲ့ သည်။ သြဂုတ်လအတွင်း ယာဉ်မတော်တဆမှု ၁၀ မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာ ရရှိခဲ့သည်။
စက်တင်ဘာလအတွင်း ယာဉ်မတော် တဆမှု ရှစ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံး ကာ ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။ အောက်တိုဘာလ အတွင်း ယာဉ်မတော်တဆမှု ၁၂ မှုဖြစ်ပွား ခဲ့ပြီး တစ်ဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရရှိခဲ့ သည်။ နိုဝင်ဘာလအတွင်း ယာဉ်မတော်တ ဆမှု ၁၅ မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒီဇင်ဘာလအတွင်း ယာဉ်မတော်တဆမှု ၁၅ မှုဖြစ်ပွားခဲ့ပြီး ငါးဦးသေဆုံးကာ ၂၉ ဦး ဒဏ်ရာရရှိခဲ့သည်။
ယာဉ်တိုက်မှု ဖြစ်ပွားရာတွင် ယာဉ်မောင်းနှင်သူများ ပေါ့ဆမှုများကြောင့် ဖြစ်ပွားလေ့ရှိသည့်အပြင် လမ်းအသုံးပြုသူများကြောင့်လည်း ယာဉ်တိုက်မှုများ ဖြစ်ပွားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
“လမ်းအသုံးပြုသူတွေကနေ ညနေဘက်တွေ၊ ညဘက်တွေမှာ အမည်းရောင် အဝတ်အစားတွေ ဝတ်ထားတယ်ဆိုရင် မမြင်ရဘူး။ တချို့နေရာတွေမှာ လမ်းမီးအားနည်းနေ တာတွေရှိတယ်။ နောက်တစ်ခုက နေ့လယ် ဘက် ယာဉ်ကြောကျပ်တဲ့အချိန်မှာ တိုက် တယ်ဆိုရင် ကားချင်းညှိသွားတာလောက်ပဲ ရှိတယ်။ ညဘက်ကျတော့ လမ်းရှင်းလို့ အရှိန် နဲ့မောင်းကြတယ်။ လမ်းအသုံးပြုသူတွေက လည်း အဝေးကနေ မမြင်နိုင်တဲ့ အမည်းရောင် လို အဝတ်အစားတွေ ဝတ်ထားကြတယ်။ လမ်းအသုံးပြုသူတွေအနေနဲ့ ညဘက်အပြင် ထွက်မယ်ဆိုရင် ရောင်ပြန်ပါတဲ့ဟာမျိုးတစ် ခုခုပါတဲ့ အဝတ်အစားဝတ်မယ်ဆိုရင် ယာဉ် တိုက်မှု လျော့နည်းကျဆင်းလာမှာပါ။ လမ်းကူးတဲ့နေရာမှာလည်း စည်းကမ်းတကျနဲ့ ကူးဖို့လိုပါတယ်” ဟု အဆိုပါရဲအရာရှိက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စီးရေ ခုနစ်သိန်းခွဲဝန်းကျင်ရှိကြောင်း ယာဉ် ထိန်းရဲတပ်ဖွဲ့က သိရသည်။ ၂၀၁၈ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှု ၂၆၈၄ မှုဖြစ်ပွားခဲ့ပြီး ၅၉၉ ဦးသေဆုံးကာ ၃၁၆၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုများထဲတွင် YBS ယာဉ်မတော်တဆမှု ၁၅၂ မှုဖြစ်ပွားခဲ့ပြီး ၃၄ ဦးသေဆုံးကာ ၁၆၃ ဦးဒဏ်ရာရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
