ဖေဖော်ဝါရီ ၁ ရက် ညနေက မကွေးတိုင်း သရက်မြို့တွင် ရေပေါ်ကျွန်းကျေးရွာ ဒေသခံအချို့ မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင် ရှေ့မှကားကို လက်ဖြင့်ပုတ်ရာမှ ကားပိုင်ရှင် နှင့် ခိုက်ရန်ဖြစ်ပွားပြီး လူစုလူဝေးဖြစ်ပွားရာ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။
“အင်အား ငါးဆယ်ကျော်လောက်ရှိမယ်။ လူအုပ်ကြီးက မြို့ပေါ်က အစ္စလာမ်ဘာသာဝင်တစ်ဦးရဲ့ လက်ဖက်ရည်ဆိုင်ကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး လမ်းပေါ်ရပ်ထားတဲ့ ကားတစ်စီးကိုလည်း ဖျက်ဆီးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ထိန်းပေမယ့်မရတော့ သေနတ် လေးချက်လောက် ဖောက်လိုက်ရတယ်” ဟု အခင်းဖြစ်ပွားရာ နေရာအနီးတွင် နေထိုင်သူ သရက်ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါလူအုပ်သည် လူမျိုးရေးအသွင်ဆောင်သည့် လှုံ့ဆော် အော်ဟစ်မှုများပြု လုပ်ခဲ့ကြ၍ ရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နင်းရာတွင် သုံးသည့် ရော်ဘာကျည်ဟုယူဆရသော သေနတ်ဖြင့် လေးချက်ခန့် ပစ်ခတ် တားဆီးခဲ့ရကြောင်း ဒေသခံများက ပြော ကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သရက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးဇော်မိုးအောင်က “ဖြစ်တာက ရေပေါ်ကျွန်းကျေးရွာက ဒေသခံတချို့က ဘောလုံးပွဲကသူတို့ အသင်းနိုင်ပြီး ဘောလုံးကွင်းက ထွက်လာပြီး လက်ဖက်ရည်ဆိုင်ဘက်ရောက်တော့ လက်ဖက်ရည်ဆိုင်ရှေ့ကကားကို လက်နဲ့ အားရပါးရ ပုတ်လိုက်တာပေါ့။ ကားကိုပုတ်ရမလားဘာလားဆိုပြီး ကားပိုင်ရှင်တွေနဲ့ခိုက်ရန်ဖြစ်ပွားတာပေါ့။ ခိုက်ရန်ဖြစ်ပွားတော့ ရွာလူတွေကို ဖုန်းဆက်ခေါ်တော့ လူစုလူဝေးဖြစ်ပြီး လက်ဖက်ရည်ဆိုင်ဖျက်ဆီးနဲ့ ပြဿနာက ကြီးလာတာပေါ့။ ဒါကိုရဲတပ်ဖွဲ့က ဝင်ထိန်းတယ်ပေါ့။ ထိန်းတော့ရဲတပ်ဖွဲ့နဲ့ပါ ပြဿနာထပ်ဖြစ်ခဲ့တယ်။ ဒါနဲ့ရော်ဘာကျည်သုံးပြီး သေနတ်ပစ်ခဲ့ပါတယ်။ ဒါကြောင့် ဒဏ်ရာရတဲ့လူတွေထဲက လူနှစ်ဦးကတော့ အတွင်းလူနာအဖြစ်ဆေးကုနေရတယ်။ သေနတ်ပစ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က သူတို့ရဲ့ အသက်အန္တရာယ်ကာကွယ်ဖို့ ပစ်ခဲ့တာလို့ပြောသလို ကျေးရွာဒေသခံတွေဘက်လည်း ပြဿနာတွေပြေပြေလည်လည် ဖြစ်ချိန်ကျမှ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီသေနတ်ပစ်ခဲ့တဲ့ကိစ္စကို အသေးစိတ်ကိုတော့ သေချာစုံစမ်းပြီးမှသိရမှာပါ။ လတ်တလော ဒဏ်ရာရရှိသူ လေးဦးလောက် ရှိပါတယ်။ အခုတော့ အခြေအနေကတော့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားပါပြီ” ဟု ပြော ကြားသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ သရက်မြို့နယ် ရဲစခန်းအား ည ၁၁ နာရီကျော်သည်အထိ တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိချေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
