သီလဝါဆိပ်ကမ်း၌ တည်ဆောက်ပြီးစီးခဲ့သည့် အထွေထွေကုန်စည်နှင့် ကုန်သေတ္တာတင်ချ ဆိပ်ခံတံတားသစ်၌ ဆိပ်ကမ်းလုပ်ငန်းများဆောင်ရွက်ရန် ဝန်ထမ်းများ ရွေးချယ်ခန့်ထားနေပြီး ဧပြီလမှစ၍ သင်္ဘောများ ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။
ဂျပန်အိုဒီအေချေးငွေ အမေရိကန် ဒေါ်လာ သန်း၂၀၀ ခန့်ဖြင့် တည်ဆောက်ခဲ့သည့် အထွေထွေကုန်စည်နှင့် ကုန်သေတ္တာတင်ချ ဆိပ်ခံတံတားသစ် တည်ဆောက်တပ်ဆင်ရေးလုပ်ငန်းများ ပြီးစီးခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါဆိပ်ခံတံတားသစ်မှာ လက်ရှိတွင် သင်္ဘောများဆိုက်ကပ်နိုင်ခြင်းမရှိသေးဘဲ ဆိပ်ကမ်းအား ကိုင်တွယ်မည့် ကုမ္ပဏီထံသို့ လွှဲပြောင်းပေးအပ်ပြီးမှသာ ဆိပ်ကမ်း လုပ်ငန်းများ လက်ခံဆောင်ရွက်နိုင်မည်ဟု သိရသည်။
“ဆိပ်ကမ်းသစ်တည်ဆောက်ပြီး ကုန်ကိုင်တွယ်ကိရိယာတွေတပ်ဆင်ရေး လုပ်ငန်းတွေပြီးဆုံးပြီဖြစ်လို့ ဝန်ထမ်းရွေးချယ်ခန့်ထားမှုတွေ ပြုလုပ်နေပါတယ်။ ဧပြီမှာ လွှဲပြောင်းပေးအပ်ပြီးမှ သင်္ဘောဆိုက်ကပ်တာတွေနဲ့ ဆိပ်ကမ်းလုပ်ငန်းတွေ လက်ခံဆောင်ရွက်တာတွေကို ပြုလုပ်ပေးနိုင်မှာပါ” ဟု မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ဒုတိယအထွေထွေ မန်နေဂျာ ဒေါက်တာမျိုးငြိမ်းအေးက ပြောကြားသည်။
သီလဝါဆိပ်ကမ်းဒေသရှိ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပိုင်ဆိုင်သည့် မြေကွက်များပေါ်တွင် မြေကွက်တစ်ကွက်လျှင် (၂၀၀ မီတာ _၇၅၀ မီတာ) ရှိ မြေကွက် ၃၇ ကွက် အားဖော်ဆောင်ပြီး ပြည်တွင်းပြည်ပရင်းနှီး မြုပ်နှံများဖိတ်ခေါ်ကာ ဆိပ်ကမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံ၏ အိုဒီအေချေးငွေဖြင့် မြေကွက်အမှတ် ၂၅ နှင့် ၂၆ ပေါ်တွင် နိုင်ငံတကာအဆင့်မီ အထွေထွေကုန်စည်နှင့် ကုန်သေတ္တာတင်ချ ပြုလုပ်နိုင်သော ဆိပ်ခံတံတား နှစ်စင်းနှင့် ဆိပ်ကမ်းဆိုင်ရာအဆောက်အုံများ၊ ကုန်ကိုင်တွယ်စက်ကိရိယာများ ဝယ်ယူတပ်ဆင်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သီလဝါဒေသတွင် ဂျပန်နိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးမှု အကူအညီဖြစ်သည့် ဂျပန်ယန်း ၂၃၄၈၀ သန်း (အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့်) ဖြင့်တည်ဆောက်ထားသည့် ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများတွင် ၄၀၀ မီတာ_ ၄၀ မီတာရှိ ပင်မတံတား (Steel Jacket Type)၊ ၈၀-၉၀ မီတာ_ ၁၅-၂၀ မီတာရှိ ချဉ်းကပ်တံတားသုံးစင်း၊ ဆိပ်ကမ်းဆိုင်ရာ နောက်ခံမြေ ၃၇ ဧကပေါ်တွင် ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ကုန်ကိုင်တွယ်စက်ကိရိယာများဖြစ်သည့် Quay Crane နှစ်စင်း၊ RTG ခြောက်စင်း၊ Reach Stacker သုံးစင်း၊ Trailer ခြောက်စင်းနှင့် Chassis ခြောက်စင်းဝယ်ယူ တပ်ဆင်ထားကြောင်း သိရသည်။
စီမံကိန်းတည်ဆောက်ရေးကာလမှာ ၂၀၁၆ ခုနှစ် ဇွန်လတွင် စီမံကိန်းလုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
သီလဝါဧရိယာ အခြေခံအဆောက်အုံများ ဖွံ့ဖြိုးတိုးတက်ရေးသီလဝါဆိပ်ကမ်းဒေသသို့ ရန်ကုန်ဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေး စီမံကိန်း ပထမအဆင့်အတွက် ဂျပန်အစိုးရနှင့် မြန်မာအစိုးရတို့အကြား ချေးငွေ စာချုပ်များကို ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် စာချုပ်çချုပ်ဆို၍ စီမံကိန်းအတွက် အတိုင်ပင်ခံ အဖွဲ့အစည်းအဖြစ် နီပွန်ကိုအိကုမ္ပဏီက Consulting Services လုပ်ငန်းများကို ၂၀၁၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး၂၀၁၅ ခုနှစ် စက်တင်ဘာတွင် နီပွန်ကိုအိကုမ္ပဏီနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ အကြား နှစ်ဖက်သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
တည်ဆောက်ရေးကန်ထရိုက်တာအတွက် ၂၀၁၅ ခုနှစ်တွင် Price Bid Opening ဆောင်ရွက်ခဲ့ပြီး တည်ဆောက်ရေး ကန်ထရိုက်တာအဖြစ် စိစစ်ရွေးချယ်ခဲ့သော TOYOJFEE Joing Venture နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့ နှစ်ဖက်သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် လက်မှတ်ရေး ထိုးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
