၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် အရေးကြီးအဆိုကို ဆွေးနွေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနှင့် ရခိုင်အမျိုးသားပါတီ ANP က လွှတ်တော်ကိုယ်စားလှယ် သုံးဦးစီ စာရင်းပေးသွင်းထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၀ ဦး ဝန်းကျင်ရှိကြောင်း ဆွေးနွေးမည့် ကိုယ်စားလှယ်များထံမှ စုံစမ်းသိရသည်။
ဇန်နဝါရီ ၂၉ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် NLD ပါတီဝင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးလုပ် ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုတစ်ရပ် တင်သွင်းခဲ့ခြင်းဖြစ်သည်။
“ပြင်မယ့်ဘက်ကနေ ရပ်တည်ပြီးတော့မှ ထောက်ခံဆွေးနွေးသွားမှာပါ” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ပြောကြားသည်။
ရခိုင်အမျိုးသားပါတီမှ ဆွေးနွေးမှုတွင်ပါဝင်မည့် မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ဖွဲ့စည်းပုံပြင်ဆင်ရေးကို လက်ခံသော်လည်း လွှတ်တော်တွင် အငြင်းပွားနေသည့် လုပ်ထုံးလုပ်နည်းဆိုင်ရာများအား မပြောကြားလိုဟု ဆိုသည်။
“ကျွန်တော်ကတော့ ဖွဲ့စည်းပုံပြင်မယ့် ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်မြင်တဲ့ အမြင်တွေပေါ့လေ။ သွားနိုင်တဲ့ နည်းလမ်း အဲဒါ UPDJC တွေ ရှိတယ်နော်။ ပြည်ထောင်စု ညီလာခံထဲက ဆုံးဖြတ်ချက် ချထားတာတွေ ရှိတယ်။ အဲဒါ လွှတ်တော်ထဲမှာ Pass လုပ်ပြီးပြီ။ အဲဒါ လွှတ်တော်ထဲမှာ File ထဲမှာ ပုံနေတယ်။ အဲဒီဟာတွေ ဆွေးနွေးမယ်။ နောက်ဖွဲ့စည်းပုံပြင်တာက နှစ်နှစ်ကြာမလား။ သုံးနှစ်ကြာမလား မသိဘူး။ တိုင်းနဲ့ ပြည်နယ်ကတော့ စုတ်ပြတ်သတ်နေပြီ။ ရခိုင်လိုနေရာ စုတ်ပြတ်နေပြီ။ အဲဒီတော့ လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ဘူး။ ဗဟိုချုပ်ကိုင်မှုလည်း မလျှော့ချဘဲနဲ့ ဖွဲ့စည်းပုံဆိုတဲ့ လေဖမ်းဝရမ်းဒန်းရှည်တာမျိုးတွေက အဓိပ္ပာယ်မရှိဘူး။ အဲဒါမျိုးတွေ ဆွေးနွေးမှာ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောကြားသည်။
အဆိုပါ အရေးကြီးအဆိုကို ဆွေးနွေးမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးဝန်းကျင်ရှိကြောင်း မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း က ပြောကြားသည်။
“ကျွန်တော်တို့ ရှုထောင့်ကတော့ ရှင်းတယ်။ ဖွဲ့တာဟာ စည်းမျဉ်းစည်းကမ်းနဲ့ မညီဘူး။ မညီဘူးဆိုတာ နှစ်ချက်ပေါ့။ ပြင်ဆင်မယ်လို့ ပြောတဲ့အတွက်ကြောင့် ပြင်ဆင်တာက အဲဒီရှုထောင့်ကပဲ ကျွန်တော်တို့က ရှင်းတယ်။ ပြင်ဆင်မယ်ဆိုရင် ဥပဒေအတိုင်း ပြင်ဆင်ပါ။ ခြေဥမှာ ပြထားတဲ့ ပြင်ဆင်ရေး ဥပဒေအတိုင်း ပြင်ဆင်ပါ။ နောက်တစ်ခုက ဒါအရေးပေါ်အဆိုတင်တာ ဟုတ် မဟုတ်ဆိုတာ။ အဲဒီရှုထောင့် နှစ်ခုပါ” ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း က ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ရန် လွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းမှုသည် လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်ခြင်း မရှိဟုဆိုကာ ပြည်ထောင်စုလွှတ်တော်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက မတ်တတ်ရပ်ကန့် ကွက်ခြင်းများ ပြုလုပ်ခဲ့သော်လည်း မဲခွဲဆုံး ဖြတ်ခဲ့ရာတွင် ထောက်ခံမဲများသဖြင့် အရေးကြီးအဆိုအား လက်ခံဆွေးနွေးရန် အတည်ပြုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
