အာဇာနည်ကိုးဦးလုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံးတွင် ပြည်ထောင်စုနေ့၌ ခေါင်ရည်နှင့် ဝိုင်များ မြည်းစမ်းရောင်းချမည့် အစီအစဉ်အတွက် ပါမစ်များ ရယူထားပြီးဖြစ်ကြောင်းနှင့် လူမျိုးအလိုက် ရှိနေသည့် ၀ိုင်၊ ခေါင်ရည်များ မြည်းစမ်းနိုင်ရန် လုပ်ဆောင် ခြင်းသာဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်က ဝန်ကြီးများရုံးတွင် ကျင်းပသည့် Night Fest @ The secretariat Yangon ပွဲတော်အကြောင်း သတင်းစာရှင်းလင်းပွဲတွင် အတွင်းဝန်များရုံး ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌဖြစ်သူ ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဟောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
အဆိုပါ ၀ိုင်နှင့် ခေါင်ရည်များ ရောင်းချမည့် အစီအစဉ်နှင့်ပတ်သက်ပြီး ဒေါက်တာ မောင်မောင်သိမ်းက “အဲဒါတွေပါမယ်ဆိုတာ ဒီလိုလေ။ ဒါတွေကို အသားပေးတာ မဟုတ်ဘူး။ သက်ဆိုင်ရာ ပါမစ်တွေလည်း အကုန်ယူထားတယ်။ ယဉ်ကျေးမှုတို့ဘာတို့ သက်ဆိုင်ရာ အကုန်ယူထားတယ်။ ဒါပေမဲ့ အဲဒါတွေက အဓိကမဟုတ်ဘူး။ ယဉ်ကျေးမှုဆိုတော့ Wine Testing ကတော့ ပါမှာပေ့ါ။ ဒါကြီးက အကြီးကြီး မဟုတ်ဘူး။ လူမျိုးတိုင်းမှာတော့ ဒါတွေရှိကြတာပဲ။ ဒါတွေက ဦးစားပေးမဟုတ်ဘူး။ အစားအစာ ဦးစားပေးပါ။ အထွဋ်အမြတ်တို့ ဘာတို့ကတော့ အထွဋ်အမြတ်ပေါ့ ။ သို့ပေမဲ့လည်း ယဉ်ကျေးမှုကိုတို့က ရည်ရွယ်ထားတာကိုး” ဟု ဆိုသည်။
Night Fest @ The secretariat Yangon ပွဲတော်ကို Signature Night Market နှင့် USDA, The Secretariat Yangon တို့ပူးပေါင်း၍ ရန်ကုန်မြို့ ဝန်ကြီးများရုံး၌ ဖေဖော်ဝါရီ ၁၁ ရက်နှင့် ပြည်ထောင်စုနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အာဇာနည်ကိုးဦး လုပ်ကြံခံခဲ့ရသည့် သမိုင်းဝင်ရှေးဟောင်းအမွေအနှစ် အဆောက်အအုံဝန်ကြီးများရုံးတွင် ပြည်ထောင်စုနေ့ ၀ိုင်နှင့် ခေါင်ရည်များ ရောင်းချခြင်း၊ ပျော်ပွဲရွှင်ပွဲများ ပါဝင်နေခြင်းကြောင့် ဝေဖန်မှုများ ရှိနေသည်။
အဆိုပါဝေဖန်မှုများအပေါ် ဒေါက်တာ မောင်မောင်သိမ်းက “ Culture က Culture ပေါ့။ လူမျိုးတိုင်းမှာ ရှိနေတာပဲ။ ဒါပေမဲ့ အဲဒါကြီးကို အာရုံစိုက်ထားတာ မဟုတ်ဘူး” ဟု ဆိုသည်။
Night Fest @ The secretariat Yangon ပွဲတော်ကို ဖေဖော်ဝါရီ၁၁ ရက်နှင့် ၁၂ ရက် (ပြည်ထောင်စုနေ့)များတွင် ညနေ ၄ နာရီမှ ၁၀ နာရီအထိ ကျင်းပမည်ဖြစ်ကာ ဝင်ကြေးအဖြစ် နိုင်ငံသားတစ်ဦး ကျပ် ၅၀၀၀ နှင့် နိုင်ငံခြားသားတစ်ဦးအတွက် ၁၀ ဒေါ်လာ သတ်မှတ်ထားသည်။ အဆိုပါပွဲတော်တွင် မြန်မာဘက်မှ ရိုးရာအကအလှများနှင့် ကပြ ဖျော်ဖြေမည်ဖြစ်ကာ မြန်မာ့ရိုးရာခေါင်ရည် နှင့် တိုင်းရင်းသားအစားအစာများ မြည်းစမ်း ဝယ်ယူခွင့်ရရှိမည်ဖြစ်ပြီး အမေရိကန်ဘက်မှလည်း Hard Rock Band နှင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရကာ အမေရိကန် မှ နာမည်ကြီးထုတ်ကုန်များဖြစ်သည့် တန်ဖိုးကြီး ၀ိုင်မျိုးစုံ၊ Chesse မျိုးစုံတို့ကို မြည်းစမ်း ရောင်းချသွားမည်ဖြစ်သည်။
ထိုသို့ အာဇာနည်ကိုးဦး လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံးတွင် ပြည်ထောင်စုနေ့၌ ခေါင်ရည်နှင့် ဝိုင်များ မြည်းစမ်းရောင်းချမည့် အစီအစဉ်နှင့်ပတ်သက်ပြီး ဝေဖန်မှုများရှိနေသည့်အပေါ် အဆိုပါဝေဖန်မှုများမှာ လူတိုင်း၏ လွတ်လပ်စွာပြောဆိုခွင့်သာဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
ကျဆုံးခဲ့သည့်အာဇာနည်ကိုးဦးမှ ဦးရာဇတ်၏သား ဦးတင်မြင့်က “ကျွန်တော် အဲဒါတော့ သေချာမသိသေးတော့ ပြောရခက်နေတယ်။ ဘာလုပ်မှန်းလည်းမသိဘူး။ အခုဆက် သွယ်မှပဲ သိတယ်” ဟု ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
