ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့၊ မြို့ရှောင်လမ်း (အေးငြိမ်းရာသုသာန်အနီး)တွင် ကုန်တင်တွဲကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း အနီးနားဝန်းကျင်ရှိ ပြည်မြို့ ဒေသခံများထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာ (၁၁)ရက်က ပြည်မြို့၊ မြို့ရှောင်လမ်း(အေးငြိမ်းရာသုသာန်အနီး)တွင် တွဲကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားရာသို့ အရေးပေါ် လာရောက်ကူညီပေးပါရန် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) ပရဟိတပါရမီသို့ ဆက်သွယ်အကြောင်းကြားသဖြင့် အရေးပေါ် ကူညီရန် ထွက်ခွာခဲ့ကြောင်း သိရသည်။
“တွဲကားက စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်တာပေါ့။ အဲ့နားမှာ ရေကလည်း ဝပ်နေတာ။ ယာဉ်မောင်းလည်း ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ ကားပေါ်ပါတဲ့ ကုန်တွေတော့ အကုန်ပြုတ်ကျပြီး ထိခိုက်မှုတော့ရှိမယ်ထင်တယ်။ ကားကိုတော့ ကရိန်းနဲ့ မပြီး ပြန်တည့်ပေးကြရတယ်”ဟု အနီးနားဝန်းကျင်ရှိ ပြည်မြို့ခံ တစ်ဦးက ပြောသည်။
ယင်းသို့ ထွက်ခွာကူညီခဲ့ရာ ဖြစ်စဉ်နေရာအရောက်တွင် ကုန်တင်တွဲကားမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်နေကြောင်း သိရပြီး ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူမရှိသောကြောင့် ယာဉ်အား ပြန်လည်တည့်မတ်၍ ထွက်ခွာရန် လိုအပ်သည်များကို ပူးပေါင်း ကူညီပေးခဲ့ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
