ဒန်နီယဲလ်ရဲ့ အောင်မြင်မှုနဲ့အတူ မာလ်ဒီနီမျိုးဆက် (၃)ဆက်စလုံးအီတလီလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရခြင်းအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့တာပါ။ ဘောလုံးပရိသတ်တွေရဲ့အသည်းကျော် ပေါ်လိုမာလ်ဒီနီဟာ အီတလီလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ (၁၂၆)ပွဲကစားပေးခဲ့တဲ့ ဂန္ထဝင်ဖြစ်ခဲ့သလို၊ ပေါ်လိုရဲ့အဖေ ဒန်နီယဲလ်ရဲ့အဖိုးဖြစ်သူ ဆီဆာမာလ်ဒီနီဟာလည်း နိုင်ငံတကာပွဲ (၁၄)ပွဲကစားပေးခဲ့သူပါ။ ဒါကြောင့် ဒန်နီယဲလ်သာ အီတလီလက်ရွေးစင်အသင်းအတွက် ပွဲကစားခွင့်ရခဲ့မယ်ဆိုရင် မာလ်ဒီနီမျိုးဆက်ကတော့ အီတလီဘောလုံးသမိုင်းရဲ့ အခမ်းနားဆုံးပုံရိပ်တစ်ခုအဖြစ် မော်ကွန်းတင်နိုင်ပါလိမ့်မယ်။ ဘောလုံးလောကမှာ သားအဖတွေနိုင်ငံလက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုခွင့်ရခြင်းကို မကြာခဏဆိုသလိုမြင်တွေ့ကြားသိခဲ့ရပေမယ့် မျိုးဆက်တစ်ခုလုံးလက်ရွေးစင်ဖြစ်တာကတော့ တကယ်ကိုရှားပါးမှတ်တမ်းပါပဲ။ ဒီအတွက်လည်း ဒန်နီယဲလ်ဟာ အီတလီလက်ရွေးစင်ကစားသမားဘဝခြေလှမ်းအစမှာပဲ ပရိသတ်ရဲ့အာရုံစိုက်မှုကို ရယူနိုင်ခဲ့တာပါ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
