ပိုလန်ဝါရင့်ဂိုးသမား ဆဇက်စနီက က စားသမားဘဝမှ အနားယူခြင်းကို ပြန်ပြင်ကာ ဘာစီလိုနာအသင်းနှင့် စာချုပ်ချုပ်ဆိုပြီး ဘောလုံးပြန်ကစားနေသော်လည်း မိမိအနေဖြင့် ဆေးလိပ်သောက်ခြင်းကို စွန့်လွှတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အသက် ၃၄ နှစ်အရွယ်ရှိ ဆဇက်စနီ သည် သြဂုတ် ၁၄ ရက်တွင် ခုနစ်ကြာကစားခဲ့သည့် စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းနှင့် နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းခဲ့ပြီး သြဂုတ် ၂၇ ရက်တွင် ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့သည်။ သို့သော် ဆဇက်စနီသည် ကာလရှည်အနားယူရမည့် ဂိုးသမား စတီဂန်၏နေရာတွင် အစားထိုးရန် အတွက်ကမ်းလှမ်းခဲ့သည့် ဘာစီလိုနာအသင်း၏ကမ်းလှမ်းမှုကို လက်ခံပြီး ဘောလုံးပြန်ကစားရန် ဆုံးဖြတ်ခဲ့သည်။
ဆဇက်စနီသည် ဘာစီလိုနာအသင်းနှင့် ယခုရာသီကုန်အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာကစားသမားဖြစ်လာပြီးနောက် ၎င်း၏ပုဂ္ဂိုလ်ရေး ဘဝမှာလည်း စိတ်ဝင်စားခြင်းခံလာရသည်။ စပိန်မီဒီယာများသည် ဆဇက်စနီ ဆေးလိပ်သောက်နေသည့်ပုံများကို ဖော်ပြခဲ့ရာ ၎င်းအနေဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
သို့သော် ဆဇက်စနီက ဆေးလိပ်သောက်သုံးခြင်းမှာ မိမိ၏ကိုုယ်ပိုင်လွတ်လပ်ခွင့်သာဖြစ်ပြီး ယင်းအတွက် တောင်းပန်မည်မဟုတ်သလို ဆေးလိပ်သောက်ခြင်းကို စွန့်လွှတ်မဟုတ်ကြောင်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ဆဇက်စနီက "ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးဘဝ မှာ ကျွန်တော် မပြောင်းလဲတဲ့အရာတွေ ရှိပါတယ်။ ကျွန်တော် ဆေးလိပ်သောက်တာ ဘယ်သူနဲ့မှ မဆိုင်ပါဘူး။ ဆေးလိပ်သောက်တာက ကွင်းအတွင်း စွမ်းဆောင်ရည်ကို ထိခိုက်တယ်လို့ ကျွန်တော် မထင်ပါဘူး"ဟု ပြောကြားခဲ့သည်။
သို့သော် ဆဇက်စနီက မိမိအနေဖြင့် ကလေးများရှေ့တွင် ဆေးလိပ်သောက်လေ့ မရှိကြောင်းလည်း ပြောကြားခဲ့သည်။ "ကလေးတွေရှေ့မှာတော့ ကျွန်တော် မသောက်ပါဘူး။ သူတို့အပေါ် မကောင်းတဲ့အကျင့်တွေ မလွှမ်းမိုးစေချင်တာကြောင့်ပါ"ဟု ဆဇက်စနီက ဆက်လက်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
