ဆာလီဘာက အာဆင်နယ်ရဲ့မဟာတံတိုင်းပါ။ ဥရောပရဲ့အကောင်းဆုံးခံစစ် မာဂုဏ်တစ်ခုလည်း ဖြစ်လာပြီ။ သူ့ကို အလိုရှိသူတွေ ၀ိုင်းဝိုင်းလည်နေပါတယ်။ ဒါပေမဲ့ ဆာလီဘာဟာ အာဆင်နယ်အမှုတော်ကို ရွပ်ရွပ်ချွံချွံထမ်းရွက်ဖို့သာ စိတ်ကူးရှိတယ်။ အာဆင်နယ်အရိပ်အောက်ကနေ ပြေးထွက်ဖို့ရာ မတွေးသေးပါဘူး။ အာဆင်နယ်နဲ့အတူ အောင်ပွဲတွေရယူချင်တယ်။ မန်စီးတီးကို အလဲထိုးပြချင်တယ်။ အဲဒီအရာတွေဟာအာဆင်နယ်ရဲ့နှလုံးသားထဲက မျှော်လင့်ခြင်း မီးတောက်ပါပဲ။ ငြိမ်းရခက်တဲ့မီးတောက်လေးဖြစ်ပြီး ပြိုင်ဘက်တွေကို အစွမ်းကုန်တောက်ပပြလိုက်ချင်တယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီးချုပ်ကိုင်ထားလို့ ဆာလီဘာမကျေနပ်ဘူး။ ဆာလီဘာ က "ပြီးခဲ့တဲ့ရာသီမှာ သူတို့ကိုထပ်ပြီး အညံ့ခံရပြန်တယ်။ သူတို့ကိုလက်စားချေမယ်လို့ တွေးထားတာမဟုတ်ပေမယ့် ချန်ပီယံဆုကို လက်ဝါးကြီးအုပ်ထားတာ မဖြစ်သင့်ပါဘူး။ ပရီးမီးယားလိဂ်ကမန်စီးတီးတစ်သင်းတည်းကို ရင်ဆိုင်တိုက်ခိုက်ရမှာ မဟုတ်ဘဲ အသင်းတိုင်းနဲ့ရင်ဆိုင်ရမှာပါ။ ပွဲတွေအများကြီးရှိလို့ ကိုယ့်ကိုယ်ကိုအာရုံစိုက်ရပါမယ်"လို့ ပြောခဲ့တယ်။ ဆာလီဘာက တခြား အာဆင်နယ်ကစားသမားတွေလိုပဲ လက်ရှိရာသီမှာ ချန်ပီယံဆုဖလားတစ်ခုခု လိုချင်နေတယ်။ ဒုတိယလူအဖြစ် နှစ်ရာသီဆက်နာကျင်ရပြီးနောက် နောက်တစ်ခါထပ်ပြီး မနာကျင်ချင်တော့ဘူး။ ရှုံးနိမ့်ရတာ စိတ်ကျရောဂါ ဖြစ်စေနိုင်တယ် မဟုတ်လား။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
