ပြီးခဲ့သည့် စက်တင်ဘာလတွင် ပြည်ပသို့ ဆန်တန်ချိန် (၂၁၀၀၀၀) ကျော်တင်ပို့မှုမှ ကန်ဒေါ်လာ (၁၀၄) သန်းရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။
ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့ရာတွင် ကုမ္ပဏီ (၆၂) ခုမှ ဆန်တန်ချိန် (၁၄၀၀၀၀) ကျော်၊ ဆန်ကွဲတန်ချိန် (၇၅၀၀၀) ကျော်ကို အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ ကင်မရွန်း ၊ ပိုလန်၊ ဗီယက်နမ်နှင့် နယ်သာလန်သို့ တင်ပို့ခဲ့ကြောင်း သိရသည်။
လအလိုက်တင်ပို့မှုကို နှိုင်းယှဉ်ကြည့်ပါက စက်တင်ဘာလတွင် တင်ပို့မှုအများဆုံးဖြစ်ပြီး မေလတွင် တင်ပို့မှုအနည်းဆုံးဖြစ်ကြောင်း သိရသည်။
၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု အနေဖြင့် ဧပြီလတွင် (၁၁၁၈၆၂) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၅၅) သန်း၊ မေလတွင် (၇၁၂၇၉ ဒသမ ၅) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၃၆) သန်း၊ ဇွန်လတွင် (၁၆၂၃၂၅၇၅) မ က်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၈၄) သန်း၊ ဇူလိုင်လတွင် (၁၆၅၄၄၄ ဒသမ ၃) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၈၁) သန်း၊ ဩဂုတ်လတွင် (၂၀၇၃၆၉ ဒသမ ၉) မက်ထရစ်တန်တင်ပို့မှုမှ ကန်ဒေါ်လာ (၉၇) သန်း၊ စက်တင်ဘာလတွင် (၂၁၉၅၆၅ ဒသမ ၁၃)မက်ထရစ်တန်တင်ပို့မှုမှ ကန်ဒေါ်လာ (၁၀၄) သန်းရရှိထားကြောင်း သိရသည်။
ထို့ပြင် ယခုဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၁၀၀၀) ကျော်ရရှိရန် မျှော်မှန်းထားကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
