ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့်အတူ စပိန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ DEMU ရထားစတင်ပြေးဆွဲသည့် ပဲခူး-ရန်ကုန်ခရီးစဉ်တွင် နေ့စဉ်ပျမ်းမျှရထားစီးခရီးသည် (၈၀၀) ခန့်၊ ရန်ကုန်-ပဲခူး ခရီးစဉ်တွင် ပျမ်းမျှခရီးသည် (၇၀၀) ကျော်ခန့် လိုက်ပါစီးနင်းကြောင်း သိရပြီး အောက်တိုဘာ(၂) ရက်မှ အောက်တိုဘာ(၁၁) ရက်အထိ (၁၀)ရက်အတွင်း ခရီးသည် စုစုပေါင်း (၁၄,၂၁၆) ဦး လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။
DEMU ရထားတွဲဆိုင်းတွင် ခရီးသည် ရပ်စီး/ထိုင်စီး စုစု ပေါင်း (၈၃၂)ဦး စီးနင်းလိုက်ပါနိုင်ပြီး လက်မှတ်နှုန်းထားမှာ ခရီးစဉ်အစမှ အဆုံးထိ တစ်ဦးလျှင် (၂၅၀၀) ကျပ်နှင့် ခရီးတစ်ဝက် လိုက်ပါစီးနင်းပါက (၁၃၀၀)ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
ထိုသို့ ပြေးဆွဲရာတွင် အမှတ်(၁၆)အစုန် ပဲခူး-ရန်ကုန် DEMU ရထားမှာ ပဲခူးဘူတာမှ နံနက်(၆)နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နံနက်(၈)နာရီ(၂၀)မိနစ်တွင် ရောက်ရှိပြီး အမှတ်(၁၅) အဆန် ရန်ကုန်-ပဲခူး DEMU ရထားသည် ရန်ကုန်ဘူတာမှ ညနေ(၄)နာရီ(၄၅)မိနစ်တွင် ပြန်လည်ထွက်ခွာ၍ ပဲခူးဘူတာသို့ ည(၇)နာရီ(၅)မိနစ်တွင် ရောက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ပဲခူးမှ ရန်ကုန်သို့ အလုပ်သွားအလုပ်ပြန် အဆင်ပြေမှုရှိကြောင်းနှင့် လမ်းခရီးတွင် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူစုစုပေါင်း(၁၂) ဘူတာတို့တွင် ရပ်တန့်ပေးကြောင်း သိရသည်။
ခေတ်မီ လေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းများအသုံးပြု၍ ရန်ကုန်-ပဲခူးခရီးစဉ်အား ပြေးဆွဲနိုင်ခြင်းဖြင့် ပဲခူးမြို့တွင်းနှင့် ရန်ကုန်မြို့တွင်းသို့ ယာဉ်ကြောပိတ်ဆို့မှု မရှိဘဲ အချိန်တိုအတွင်း ရောက်ရှိစေပြီး ဈေးနှုန်းသက်သာစွာဖြင့် စီးနင်းနိုင်မှုကြောင့် ရထားစီးခရီးသည် များပြားကြောင်း မြန်မာ့မီးရထား၏အဆိုအရ သိရသည်။












-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
