စင်ကာပူသို့ ရောက်ရှိနေသည့် မြန်မာများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလိုပါက မှတ်ပုံတင်ယူလာရန် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။
စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်များကို သက်တမ်းတိုးရာတွင် ဝင်ငွေခွန်ဆောင်ပြီးမှသာ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝင်ငွေခွန်ပေးဆောင်မှုစာရင်းသွင်းရာတွင် မြန်မာနိုင်ငံသားအချို့မှာ နိုင်ငံသား စိစစ်ရေးကတ်ပြား(မှတ်ပုံတင်) အမှတ်များမှားယွင်းနေကြောင်း၊ အခြားသူတစ်ဦး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များကို အသုံး ပြုနေကြောင်း စိစစ်တွေ့ရှိရသည်ဟု သံရုံးက ဆိုသည်။
ယင်းကဲ့သို့ဖြစ်စဉ်များရှိနေသဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလိုသူများအနေဖြင့် မဖြစ်မနေနိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း သို့မဟုတ် မိတ္တူများယူဆောင်လာရန်၊ ပျောက်ဆုံးပါက အသစ်လျှောက်ထားခြင်းများပြုလုပ်ထားရန်လိုအပ်ပြီး အခြားမဆိုင်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ် များကိို အသုံးပြုပြီး ဝင်ငွေခွန်ဆောင်ခြင်းများ လုံးဝရှောင်ရှားရန် သံရုံးက အသိပေးထားသည်။
လက်ရှိတွင် ပြည်ပတွင်အလုပ်လုပ်ကိုင်သူများအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလိုပါက ဝင်ငွေခွန်ထမ်းဆောင်ပြီးမှသာ သက်တမ်းတိုးနိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ သံရုံးများက ထုတ်ပြန်ထားသည်။
စင်ကာပူနိုင်ငံမှာ မြန်မာလုပ်သားအများဆုံးသွားရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
