ရှမ်းယူနိုက်တက် တိုက်စစ်မှုး ကောင်းမြတ်သူကို မဟာယူနိုက်တက်အသင်းသို့ အငှားစေလွှတ်ထားကြောင်း ယနေ့အောက်တိုဘာ (၁၂) ရက်တွင် ရှမ်းယူနိုက်တက်အသင်းက အသိပေးထားသည်။
အသက်(၂၅)နှစ် အရွယ် ကောင်းမြတ်သူသည် အထောင် တိုက်စစ်မှူးနေရာနှင့် တောင်ပံကစားသမားနေရာများ၌ ကစားနိုင်သူဖြစ်ပြီး၊ ရှမ်းယူနိုက်တက်အသင်း ကစားသမား ဘဝတွင် သွင်းဂိုး (၂) ဂိုး ရရှိခဲ့သူဖြစ်သည်။
“အသင်းသစ်မှာ အောင်မြင်မှုအသစ်တွေ ထပ်မံ ရရှိပါစေလို့ ဆုတောင်းလိုက်ပါတယ်”ဟု ရှမ်းယူနိုက်တက်က ဆုတောင်းစကားဆိုထားသည်။
၎င်းသည် ၂၀၂၄ – ၂၅ ဘောလုံးရာသီ မစခင် ရှမ်းယူနိုက်တက်အသင်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး၊ အသင်း၏ ချန်ပီယံ လုပွဲများအတွင်း ပါဝင်ခဲ့သူဖြစ်သလို MNL Cup ၊ AFF Shopee Cup ၊ MNL ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်သည်။
လက်ရှိယှဉ်ပြိုင်ကစားနေသည့် MNL U-20 Youth League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အသင်း (၁၃)သင်း ဝင်ရောက်ယှဉ်ပြိုင်နေရာ မဟာယူနိုက်တက်အသင်းအနေဖြင့် ရမှတ်(၁၁)မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၁၂)တွင်ရပ်တည်နေပြီး၊ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ရမှတ် (၃၉)မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၁)တွင် ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
