မနီလာ၊အောက်တိုဘာ ၁၁
ဖိလစ်ပိုင်နိုင်ငံ၏ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတွင်း၌ ကိုယ်ခံစွမ်းအားကျ ရောဂါ ကျွမ်းနေသူများလာခြင်းကို စိုးရိမ်မကင်းဖြစ်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန် ကြေငြာချက်အရ နိုင်ငံအတွင်း ရောဂါကျွမ်းနေသူပေါင်း ၄၀,၉၃၄အထိ ရှိလာကာ ၁၉၈၄ ခုနှစ်မှစ၍ ယခုအထိဝေဒနာရှင် စုစုပေါင်း၏ သုံးဆယ်ရာခိုင်နှုန်းအထိ ရှိလာပြီဖြစ်ကြောင်းသိရသည်။
လူနာအများစုသည် အချိန်လွန်မှသိပြီး ရောဂါကျွမ်းနေပြီဖြစ်သဖြင့် အန္တရာယ်များသည် ဟုလည်း ကျန်းမာရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ကပြောကြားခဲ့သည်။
ဖိလစ်ပိုင်၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှဩဂုတ်လအတွင်း HIV ရောဂါကြောင့်ေ-သဆုံးသူ ၄၆၄ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၂၈ ဦးသည် ဩဂုတ်လတစ်လတည်းတွင်ေ-သဆုံးခဲ့ကြခြင်းဖြစ်ကြောင်းလည်းသိရသည်။ ေ-သဆုံးသူများသည် များသောအားဖြင့် အသက် ၂၅ မှ ၃၄ နှစ်ကြားအမျိုးသားများဖြစ်ကြသည်ဟုလည်းဆိုသည်။
အချိန်လွန်မှသိရခြင်းများကလည်း ေ-သဆုံးနှုန်းကိုပိုမိုမြင့်တက်စေခဲ့ပြီး ၁၉၈၄ ခုနှစ်မှစ၍ ေ-သဆုံးသူအရေအတွက်သည် ၈,၂၄၆ အထိရှိလာကြောင်းသိရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေငြာချက်များအရ အာရှနှင့်ပစိဖိတ်ဒေသတွင် ဖိလစ်ပိုင်သည် HIV အဖြစ်အများဆုံးနိုင်ငံဖြစ်လာခဲ့သည်ဟုသိရသည်။
၂၀၁၃ ခုနှစ်က နေ့စဉ်ရောဂါစစ်ဆေးတွေ့ရှိမှုသည် ၁၃ ဦးသာရှိခဲ့ရာမှ ၂၀၂၃ တွင် နေ့စဉ်ရောဂါတွေ့ရှိသူအရေအတွက် ၄၈ ဦးအထိမြင့်တက်လာပြီး ယခု ၂၀၂၄ ခုနှစ်တွင် နေ့စဉ်တွေ့ရသည့်ပမာဏသည် ၅၈ ဦးအထိမြင့်တက်လာခဲ့သည်ဟုလည်းသိရသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
