ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင်တည်ရှိသည့် ရေပျော်ငှက်နှင့် ဆောင်းခိုငှက်များ နေထိုင်ကျက်စားရာ မိုးယွန်းကြီးအင်းဘေးမဲ့တောတွင် ငါးမျိုးစိတ် (၄၆) မျိုး ရှင်သန်ကျက်စားလျက်ရှိပြီး ပြီးခဲ့သည့်လအတွင်းက ငွေရောင်ငါးကြင်းနှင့် ငါးတန်မျိုးစိတ်သစ်ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ သိရသည်။
အဆိုပါ မိုးယွန်းကြီးအင်း ဘေးမဲ့တောတွင် ကမ္ဘာပေါ်၌ မျိုးသုန်းရန်အန္တရာယ်နှင့်ရင် ဆိုင်နေရသည့် ငါးဘတ်မျိုးစိတ်နှင့် ငါးနုသန်း မျိုးစိတ်နှစ်မျိုးလည်း ရှင်သန်ကျက် စားလျက်ရှိပြီး သုံးလတစ်ကြိမ် မျိုးစိတ်များ မှတ်တမ်းတင်ချိန်တွင် စက်တင်ဘာလ ယာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်စဉ် ငွေရောင်ငါးကြင်းနှင့် ငါးတန်မျိုးစိတ်နှစ်မျိုးကို မျိုးစိတ်သစ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသ ည်။
ငါးသယံဇာတ ရေရှည်ဖွံ့ဖြိုးမှုနှင့် ဒေသခံတို့၏ လူမှုစီးပွားကို အထောက်အကူဖြစ်စေရန် နှစ်စဉ် ငါးလုပ်ငန်းဦးစီးဌာနမှ မိုးယွန်းကြီးအင်းအတွင်းသို့ ငါးရံ့၊ ငါးဖားမ၊ ငါးပြေမ၊ ငါးခုံးမ စသည့် တိုင်းရင်းငါးမျိုးစိတ်များကို မျိုးစိုက်ထည့်ပေး၍ ငါးသယံဇာတ ရေရှည်တည်တံ့စေရန် ဆောင်ရွက်လျက်ရှိပြီး ဒေသမျိုးရင်းနှင့်မျိုးသုန်းရန်ရင် ဆိုင်နေရသည့် ငါးမျိုးစိတ်များကိုလည်း မှတ်တမ်းတင်လျက်ရှိကြောင်း သိရသည်။
မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် အဓိကအားဖြင့် ဆောင်းခိုငှက်များကျက်စားရာ ရမ်ဆာရေတိမ်ဒေသ ထိန်းသိမ်းရေးနယ်မြေအဖြစ် (Ramsar Site) ဖွဲ့စည်းထားသော ဒေသတစ်ခုဖြစ်ပြီး ရေပျော်ငှက်များနှင့် ဆောင်းခိုငှက်များ ရှင်သန်ကျက်စားခြင်းသည် ရေသယံဇာတကြွယ်ဝမှုနှင့် မူရင်းဒေသ ကောင်းမွန်မှုကြောင့် ဝင်ရောက်ကျက်စားခြင်းဖြစ်၍ ငါးမျိုးစိတ်များ ရေရှည်တည်တံ့ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ရေ တိမ်ဒေသဂေဟစနစ် တည်တံ့မှုကို အကျိုးပြုခြင်း၊ သုတေသနလုပ်ငန်းကို အကျိုးပြုခြင်း၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုကို အထောက်အပံ့ပြုခြင်းနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း(Ecotourism Site)ကိုလည်း အကျိုးပြုလျ က်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
