မြန်မာနိုင်ငံတစ်ဝန်းရှိ ရေလွှမ်းမိုးခြင်းခံရသော ဒေသများမှ ရေဘေးသင့် အများပြည်သူအတွက် ကျပ်သိန်းပေါင်း (၂၅၅၀)ကျော် တန်ဖိုးရှိ စားသောက်ကုန်၊ အဝတ်အထည်၊ ဆေးဝါးနှင့် လိုအပ်သော လူသုံးကုန်ပစ္စည်းများအား ခရီးစဉ်ပေါင်းများစွာ စီစဉ်ပြီး အရောက်ပို့ဆောင်လှူဒါန်းပေးခဲ့နိုင်ခဲ့ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)က လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။
ရေဘေးသင့်ဒေသများရှိ စုစုပေါင်း အိမ်ခြေ (၅၁၀၀)ကျော်နှင့် ဘုန်းတော်ကြီးကျောင်းများအား ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အလှူပစ္စည်းများသည် အများပြည်သူမှ စေတနာမေတ္တာ ဂရုဏာတို့ဖြင့် ဝိုင်းဝန်းလှူဒါန်းပေးကြသောအလှူ ဒါနများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လုပ်အားပေး အသင်းသား/သူများ ၊ ဝန်ထမ်းများ၏ လုပ်အားဒါနများစုပေါင်းသော အလှူဖြစ်သည်ဟုလည်း ဆိုသည်။
လှူဒါန်းထားသော အလှူငွေနှင့် အလှူပစ္စည်းများအား တစ်စုံတစ်ရာ အလေအလွင့်မရှိစေဘဲ လိုအပ်သော အများပြည်သူထံ ပေးပို့လှူဒါန်းခြင်းများအတွက် သုံးစွဲရသော ငွေကြေးသုံးစွဲမှုများအား တိကျသော စာရင်းရှင်းတမ်းများထားရှိပြီး ကျွမ်းကျင်သောစာရင်းအင်းပညာရှင်များဖြင့် ဖွဲ့စည်းထားသော စာရင်းစစ်အဖွဲ့များဖြင့် စစ်ဆေးခံယူပြီး စာရင်းစစ်ဆေးသူများ၏ အကြံပေးချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်းလည်း ရေးသားထားသည်။
သွားရောက်လှူဒါန်းခဲ့သည့် နေရာများအနေဖြင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ပေါ်နှင့် ထန်းတပင်မြို့နယ် အနီးတဝိုက်ရှိ ရေဘေးသင့်ကျေးရွာများနှင့် ရေဘေးကယ်ဆယ်ရေး စခန်းများ၊ ဆွာမြို့၊ ရေတာရှည်မြို့နယ် အနီးပါတ်ဝန်းကျင်ရှိ ရေဘေးသင့်ကျေးရွာများ၊ ပျဉ်းမနားမြို့နှင့် လယ်ဝေးမြို့နယ် အနီးတဝိုက်ရှိ ရေဘေးသင့်ကျေးရွာများ နှင့် ရေဘေးကယ်ဆယ်ရေးစခန်းများ၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်တဝိုက်ရှိ ရေ ဘေးကယ်ဆယ်ရေးစခန်းများ၊ မြစ်သားမြို့နယ်နှင့် ကူမဲမြို့နယ် အရှေ့ဘက်ရှိ ရေလွှမ်းမိုးခြင်းခံရသော ကျေးရွာများ၊ ဝမ်းတွင်းမြို့အနီးရှိ ရေဘေးသင့်ကျေးရွာများ၊ သာစည်မြို့န ယ်ရှိ ရေဘေးသင့်ကျေးရွာများ၊ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ရေဘေးသင့်ကျေးရွာများတို့ ဖြစ်ကြောင်း အသိပေးဖော်ပြထားသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
