ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ပြီး တားမြစ်ဓာတုပစ္စည်းတွေပါဝင်သည့် အလှကုန်ပစ္စည်းအမျိုး (၄) မျိုးကို ပြည်သူလူထုများ သုံးစွဲရန် မသင့်တော်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အောက်တိုဘာ (၁၁) ရက်က ထုတ်ပြန်သည်။
ယင်းအလှကုန်ပစ္စည်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသလို ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် တားမြစ်ဓာတုပစ္စည်းများပါဝင်ကြောင်း စစ်ဆေးတွေ့ရှိ ရ၍ သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
ယင်းအလှကုန်ပစ္စည်းအမျိုး (၄)မျိုးသည် တရုတ်နိုင်ငံကထုတ်လုပ်သည့် အလှကုန် ပစ္စည်းများဖြစ်ပြီး သုံးစွဲရန်မသင့်တော်သည့် Mercury နှင့် Rhodamine B စသည့် ဓာတုပစ္စည်းများပါဝင်နေကြောင်း သိရသည်။
ယင်းဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေ ပြားက တစ်ဆင့် ခန္ဓာကိုယ်အတွင်းကိုစုပ်ယူပြီး ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် တခြားရောဂါများပါ ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။
ထို့ကြောင့် အလှပြင်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များအနေဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကပ်ရေးဦးစီးဌာန၌ မှတ်တမ်း တင်ခြင်းမရှိသည့် အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းမျိုးမပြုလုပ်ရန်နှင့်လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၏ အရေးယူဆောင်ရွက်ခြင်း ခံရမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
