ဖနွမ်းပင်၊အောက်တိုဘာ ၁၂
အောက်တိုဘာ ၁၁ ရက်တွင်ကျရောက်သော “ကမ္ဘာ့အမြင်အာရုံနေ့” (World Sight Day) တွင် ယူဆေ့ဒ် သည် အခြားအလှူရှင်များအပါအဝင် ကမ္ဘောဒီးယားတော်ဝင်အစိုးရနှင့်ပူးပေါင်း၍ ကမ္ဘောဒီးယားနိုင်ငံသားများအတွက် မျက်စိဝေဒနာစောင့်ရှောက်မှု တိုးတက်ကောင်းမွန်ရေးကို ဆောင်ရွက်ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂ သန်း ထောက်ပံ့မည်ဖြစ်ကြောင်းကြေငြာခဲ့သည်။
ယူဆေ့ဒ်၊ ဖရက်ဒ်ဟောလို့စ် ဖောင်ဒေးရှင်းနှင့် ကမ္ဘောဒီးယားတော်ဝင်အစိုးရတို့သည် Scaling Up Refractive Error Services Phase II စီမံကိန်းကို အောက်တိုဘာလ ၁၀ ရက်နေ့က အစိုးရဝန်ကြီးဌာနများစွာနှင့် အခမ်းအနားဖြင့်စတင်ခဲ့ကြောင်းသိရသည်။
အဆိုပါ စီမံချက်အတွက် ယူဆေ့ဒ် ၏ စုစုပေါင်းပံ့ပိုးကူညီမှုသည် ယခုခြောက်နှစ်အတွင်း ဒေါ်လာ ၄ ဒသမ ၄ သန်းအထိရှိခဲ့ပြီး အခြားအလှူရှင်များသည် ဖရက်ဒ်ဟောလို့စ် ဖောင်ဒေးရှင်းမှတစ်ဆင့် ဒေါ်လာ ၂ ဒသမ ၁ သန်းလှူဒါန်းထားကြောင်းသိရသည်။
ယနေ့အထိ အဆိုပါ စီမံချက်သည် ကလေ-း၊ လူကြီး ၃၄၀,၀၀၀ ကို မျက်စိစစ်ဆေးခြင်းနှင့် မျက်မှန်များပေးခြင်း၊မျက်စိကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ဆရာ၊ဆရာမ ၁,၀၀၀ ကျော်ကို လေ့ကျင့် သင်ကြားပေးခြင်း၊ကလေ-းနှင့် လူကြီး သုံးသန်းကျော်အတွက် ပညာပေးသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်းသိရသည်။
Source : ခမာတိုင်းမ်စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
