ကုလသမဂ္ဂအနေဖြင့် အပ်ကြောင်းထပ်နေသော ပုံစံတူယန္တရားများဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေခြင်းထက် မြန်မာနိုင်ငံရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် ယင်းယန္တရားများကို အဆုံးသတ်ပြီး၊ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် ကုလသမဂ္ဂအား တိုက်တွန်းလိုက်သည်။
ထို့အပြင် ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရေးအတွက် မဆုတ်မနစ်ကြိုးပမ်းမှုများကို အသိအမှတ်ပြုချိန်တန်ပြီဖြစ်သည်ဟုဆိုသည်။
အလားတူ ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာသည် မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်များကို စိစစ်အတည်ပြုခြင်း မရှိသည့်အပြင် အစိုးရက တရားဝင်ထုတ်ပြန်ထားသည့် အချက်အလက်များကိုလည်း ချန်လှပ်ထားသည်ကို တွေ့ရသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ တိုက်တွန်းချက်တွင် ဖော်ပြထား သည်။
အထူးသဖြင့် ယင်းအစီရင်ခံစာတွင် PDF များနှင့် လက်နက်ကိုင်အဖွဲ့များ၊ AA ၏ အကြမ်းဖက်မှုများကို လျှော့ပေါ့ဖော်ပြထားပြီး၊ ထိတွေ့မှုဆိုင်ရာစည်းမျဉ်းနှင့် ပြည်တွင်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သော တပ်မတော်၏ တန်ပြန်တုံ့ပြန်မှုများကိုမူ တစ်ဖက်စောင်းနင်း ဖော်ပြထားသည်ဟု ဆိုသည်။
အကြမ်းဖက်မှုများကို လုပ်ဆောင်နေသော အဖွဲ့အစည်းများ၏ အကြမ်းဖက် လုပ်ရပ်များကို အားပေးခြင်းမပြုရန်နှင့် အစိုးရ၏ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တားဆီးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းကြောင်း ဆိုသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများ နှင့် ပူးပေါင်ဆောင်ရွက်ရာတွင် ကျင့်သုံးလျက်ရှိသည့် မူဝါဒများ၊ တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် အတွင်း (၂) ကြိမ် ပြုလုပ်ခဲ့ပြီး၊ နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာမှုအကူအညီများကို အမှန်တကယ်လိုအပ်သူများထံသို့ ခွဲခြားမှုမရှိဘဲ ဖြန့်ဝေပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသည်ဟု တိုက်တွန်းချက်အတွင်းရေးသားဖော်ပြထားသည်။
ပုံစာ- ယခု အောက်တိုဘာ (၈)ရက်တွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များအား တွေ့ဆုံလျက် ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့သည့် မြင်ကွင်း

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
