မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ (၁၇) ရက်တွင် စည်ကားသိုက်မြိုက်စွာ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁၇) ရက် သီတင်းကျွတ်လပြည့်နေ့မှ ၂၀၂၅ ခုနှစ် မေလ (၁၁) ရက် ကဆုန်လပြည့်နေ့အထိ (၇) လတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကျင်းပသွားမည်ဖြစ်ကြောင်းဆံတော်ရှင်ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ သိရသည်။
အနယ်နယ် အရပ်ရပ်မှ ဘုရားလာရောက်ဖူးမြော်သူများ အဆင်ပြေချောမွေ့စွာ တောင်တော်ပေါ်တက်ရောက်နိုင်ရန် တောင်တက်ကား အစီး (၁၅၀)ကို နေ့စဉ်ပြေးဆွဲပေးမည်ဖြစ်ကြောင်းနှင့် ခရီးသွားများ အန္တရာယ်ကင်းစင်ရေး တောင်တက်ကားများ၏ ကြံ့ခိုင်မှုများကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် တောင်ပေါ်တွင် စားသောက်ရေး၊ တည်းခိုနေထိုင်နိုင်ရေးအတွက် တည်းခိုဆောင်များ၊ ထမင်းဆိုင်များနှင့်အမှတ်တရပစ္စည်းအရောင်းဆိုင်များမှာလည်း ဆိုင်ခန်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်များထံမှ သိရသည်။
Photo Credit
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
