မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးများသို့ တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များသည် ယမန်နေ့ အောက်တိုဘာ (၁၁)ရက်၊ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လိုက်လံကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့များက ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်(ရန်ကုန်)၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ မြို့တော်ခန်းမ၊ မဟာဗန္ဓုလပန်းခြံနှင့် ရွှေတိဂုံစေတီတော်တို့ရှိ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာလက်ရာများနှင့် ရှေးဟောင်းဗိသုကာလက်ရာရှိရာများသို့ လိုက်လံကြည့်ရှုလေ့လာခဲ့ကြသည်။
အာဆီယံခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးများကို အောက်တိုဘာ(၉) ရက်မှ (၁၁) ရက်အထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ In Person စနစ်ဖြင့် မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာ (၁၈) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူပါဝင်ရေးကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျင်းပသည့် အစည်းအဝေးများတွင် အာဆီယံနိုင်ငံများရှိ ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်စေရေးသာမက လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျွမ်းကျင်မှု စံသတ်မှတ်ချက်များ၊ အပြန်အလှန် အသိအမှတ်ပြုမှု အစီအစဉ်များလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
