နီပေါတပ်မတော်မှ ဦးစီးကျင်းပပြုလုပ်သည့် “PHULPATI PARADE” အခမ်းအနားသို့ နီပေါတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ashok Raj Sigdel ၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအခမ်းအနားကို နီပေါနိုင်ငံ ကတ္တမန္ဒူးမြို့ရှိ Army Pavilion ၌ အောက်တိုဘာ (၁၀)ရက်က ကျင်းပပြုလုပ်ခဲ့ပြီး နီပေါနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နီပေါနိုင်ငံ တပ်မတော်၏ အကြီးအကဲဖြစ်သည့် နီပေါ သမ္မတ ရမ်ချန်ဒရာပေါ်ဒဲလ် တက်ရောက်ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသည် (၁၀)ရက်ကြာ ကျင်းပပြုလုပ်လျက်ရှိသည့် ဒါဆိုင်းပွဲတော်၏ (၇)ရက်နေ့မြောက် အထိမ်းအမှတ်အဖြစ် နီပေါတပ်မတော်က ဦးစီးကာ ကျင်းပပြုလုပ်ခြင်းလည်းဖြစ်သည်။
၎င်းအခမ်းအနားသို့ နီပေါနိုင်ငံ ဒုတိယသမ္မတ Ramsahaya Prasad Yadav ၊ ဝန်ကြီးချုပ် KP Sharma Oli၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် နီပေါနိုင်ငံ အခြေစိုက် သံရုံးများမှ သံတမန် အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
