လီဗာပူးလ်အသင်းတိုက်စစ်ကစားသမား ဆာလာသည် ပရီးမီးယားလိဂ်သမိုင်းတွင် အသင်းတစ်သင်းတည်းအတွက် ပွဲအနည်းဆုံးဖြင့် ဂိုး (၅၀) သွင်းယူနိုင်သည့်ကစားသမားဖြစ်လာရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် လာမည့် တနင်္ဂနွေနေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းကို အဝေးကွင်း၌ သွားရောက်ကစားရမည် ဖြစ်သည်။
ဆာလာသည် လက်ရှိအချိန်တွင် လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၆၄)ပွဲကစားထားကာ (၄၉) ဂိုးအထိ သွင်းယူထားပြီး အဲဗာတန်နှင့်ပွဲတွင် ဂိုးသွင်းကာ မှတ်တမ်းသစ်ရယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်သမိုင်းတွင် အသင်းတစ်သင်းတည်းအတွက် ပွဲအနည်းဆုံးဖြင့် ဂိုး (၅၀) သွင်းယူနိုင်သည့် ကစားသမားအဖြစ် စံချိန်တင်ထားသူမှာ အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယားဖြစ်သည်။
အလန်ရှီးယားသည် ဘလက်ဘန်းအသင်း၌ ကစားစဉ်က ပရီးမီးယားလိဂ်သွင်းဂိုး (၅၀)ကို (၆၆) ပွဲကစားပြီးချိန်တွင် ရရှိခဲ့ခြင်းဖြစ်သည်။
အလန်ရှီးယား၏ နောက်တွင် ဂိုး (၅၀)ပြည့် ပွဲအနည်းဆုံးကစားသမားအဖြစ် ရပ်တည်နေသူများမှာ မန်ယူတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်း၊ လီဗာပူးလ်တိုက်စစ်မှူးဟောင်း တောရက်စ်၊ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးနှင့် မန်စီးတီးတိုက်စစ်မှူးဟောင်း တီဗက်ဇ်တို့ ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
