မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားက ဖိအားဒဏ်မခံနိုင်လျှင် အသင်းမှထွက်ခွာသွားခြင်းက အကောင်းဆုံးဖြစ်သည်ဟု အသင်းဖော်များကို ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ယခုရာသီ လိဂ်ဖလားချန်ပီယံဆုုကို ရယူထားပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) အပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းကို တစ်မှတ်အကွာဖြင့် ဖိအားပေးနေသည်။
ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ဒီဘရိုင်းနားက အခြားအသင်းများကို အာရုံမစိုက်ဘဲ မိမိတို့အသင်း၏ပွဲစဉ်များကိုသာ အနိုင်ကစားရန် ကြိုးစားရမည်ဖြစ်ကြောင်း သိရသည်။
ဒီဘရိုင်းနားက "ကျွန်တော်တို့အနေနဲ့ တခြားအသင်းတွေ ကြည့်နေစရာမလိုပါဘူး။ ကိုယ့်အသင်းကိုပဲ ကိုယ်ကြည့်ရမှာပါ။ ပွဲစဉ်ဇယားတွေက ကျပ်တည်းလွန်းပါတယ်။ ကျွန်တော်တို့အနေနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပြိုင်ပွဲတွေ၊ ပွဲစဉ်တွေ အများကြီးရှိပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ အကောင်းဆုံးကစားပြီး တိုက်ပွဲဝင်သွားဖို့ လိုပါတယ်။ မန်စီးတီးအသင်းမှာ ကစားရင်တော့ ဖိအားတွေ ခံစားရမှာပဲ။ ဒါကို မခံနိုင်ဘူးဆိုရင်တော့ မန်စီးတီးအသင်းက ထွက်သွားတာ ပိုကောင်းပါတယ်"ဟုပြောကြားခဲ့သည်။
ထို့ပြင် ဒီဘရိုင်းနားက ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ၎င်းတို့အနေဖြင့် အခွင့်အရေးများစွာဖန်တီးနိုင်ခဲ့သည့်အတွက် စိတ်မပူကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
