ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက မိမိအသင်းအနေဖြင့် ရာထူးမှထုတ်ပယ်ခံရမည်ကို မစိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေသလို၊ ဆာရီမှာလည်း အသင်းကစားသမားများနှင့် မပြေလည်မှုများရှိနေသည့်အတွက် နည်းပြရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။
ထို့ကြောင့် စပါးအသင်းနှင့် ပွဲစဉ်အပြီးတွင် ချယ်လ်ဆီးနည်းပြ ဆာရီအား သတင်းထောက်တစ်ယောက်က ရာထူးမှ ထုတ်ပယ်ခံရမည်ဆိုသည့်သတင်းများကြောင့် ကောင်းကောင်းအိပ်ပျော်ပါသလားဟု မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းကို ဆာရီက "အခုက အရင်ကထက်တောင် ပိုပြီးအိပ်ပျော်ပါတယ်။ နေ့လည်ကတောင် (၂) နာရီလောက် ကျွန်တော် အိပ်ခဲ့ပါသေးတယ်။ ကျွန်တော် အခုလိုအိပ်ပျော်တာ ပူပန်သောကတွေမရှိဘဲ စိတ်က လန်းဆန်းနေလို့ပေါ့။ ကျွန်တော်က ကိုယ်လုပ်နိုင်တာကိုပဲ လုပ်ပြီး မလုပ်နိုင်တာကို မလုပ်ပါဘူး။ ကျွန်တော်အသင်းနဲ့ စကားပြောပြီးပါပြီ။ အေးဆေးပါပဲ။ ခင်ဗျားတို့မီဒီယာတွေမှာ ဖော်ပြနေကြတာတွေက မမှန်ပါဘူး"ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ယခုရာသီပရီးမီးယားလိဂ်၌ အဆင့် (၄) အတွင်းဝင်ရန် ရုန်းကန်နေရပြီး ပွဲစဉ် (၂၈)အပြီးတွင် ရမှတ် (၅၃)မှတ်ဖြင့် အဆင့် (၆) နေရာ၌ ရပ်တည်နေသည်။
သို့သော် ချယ်လ်ဆီးအသင်းနှင့် အဆင့် (၄) နေရာမှ အာဆင်နယ်အသင်း (၅၆ မှတ်)တို့အကြား အမှတ်ကွာဟမှုမှာ (၃) မှတ်သာ ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
