ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းသည် ဂျာမနီအခြေစိုက် Puma အမှတ်တံဆိပ် အားကစားပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီနှင့် အကျႌစပွန်ဆာအတွက် တစ်နှစ်လျှင် ပေါင် ၆၅ သန်းတန်ဖိုးရှိ ၁၀ နှစ် စပွန်ဆာ စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ၂၀၁၃ ခုနှစ်ကတည်းက လက်တွဲခဲ့သည့် Nike ကုမ္ပဏီနှင့် စာချုပ်ကို သက်တမ်းမတိုးဘဲ Puma ကုမ္ပဏီ နှင့် ပြောင်းလဲ လက်တွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။ မန်စီးတီးအသင်းနှင့် Puma ကုမ္ပဏီတို့ စပွန်ဆာစာချုပ် လက်မှတ်ရေးထိုးမှုကို ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်ခဲ့ပြီး စာချုပ်တန်ဖိုးမှာ ၂၀၁၉ မှ ၂၀၂၉ ခုနှစ်အထိ ၁၀ နှစ် အတွက် ပေါင်သန်း ၆၅၀ ဖြစ်ကြောင်း သိရ သည်။ ယင်းစာချုပ်မှာ မန်စီးတီးအသင်းအတွက် သမိုင်းတစ်လျှောက် အမြင့်ဆုံးနှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်း၌ ဒုတိယအမြင့် ဆုံး စပွန်ဆာစာချုပ်အဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အမြင့်ဆုံး စပွန်ဆာစာချုပ်မှာ မန်ယူနှင့် Adidas ကုမ္ပဏီတို့ ချုပ်ဆိုထားခြင်းဖြစ်ပြီး တစ်နှစ်လျှင် ပေါင် ၇၅ သန်းဖြင့် ၂၀၁၅ မှ ၂၀၂၅ ခုနှစ် အထိ ချုပ်ဆိုထားသည်။ Puma ကုမ္ပဏီအနေဖြင့် မန်စီးတီးအသင်း အပါအဝင် City Football Group လက်အောက်ရှိ မန်စီးတီးအမျိုးသမီးအသင်း၊ လူငယ်အသင်းများအပြင် စပိန်ကလပ် ဟီရိုနာအသင်း၊ သြစတြေးလျကလပ် မဲလ်ဘုန်းစီးတီးအသင်း၊ ဥရုဂွေးကလပ် အက်သလက်တီကို တော်ကေးအသင်းနှင့် တရုတ် ကလပ် ချိချီအန်းကျင်းနီအသင်းတို့ကိုလည်း စပွန်ဆာပေးအပ်မည်ဖြစ်သည်။ သို့သော် မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးနှင့် ဂျေလိဂ်ကလပ် ယိုကိုဟားမားမာရီနို့စ်အသင်း တို့မှာမူ Adidas ကုမ္ပဏီနှင့်ချုပ်ဆိုထားသည့် စာချုပ်အရ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
မန်စီးတီးအသင်းသည် Puma အမှတ်တံဆိပ်အကျႌကို လာမည့်နွေရာသီ အာရှခြေစမ်းခရီးစဉ်၌ စတင်ဝတ်ဆင်မည်ဖြစ်သည်။ မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီ၊ အဂွဲရိုးနှင့် ဒေးဗစ်ဆေးလ်ဗားတို့မှာမူ ယခင်ကတည်းက Puma ကုမ္ပဏီနှင့် တစ်ဦးချင်းစပွန် ဆာစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်သည်။ မန်စီးတီးအသင်းအနေဖြင့် ဝင်ငွေရရှိမှု ပိုမိုမြင့်တက်လာမည်ဖြစ်ရာ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ ဘဏ္ဍာရေးစည်းမျဉ်း (FFP) နှင့် ကိုက်ညီစေရန် အခက်အခဲကြုံ တွေ့ဖွယ် မရှိတော့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
