လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အသင်းတိုက်စစ်မှူး ဖေမီနိုသည် အဲဗာတန်နှင့်ကစားသည့် မာဆေးဆိုက်ဒါဘီပွဲစဉ်တွင် ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
အသက် (၂၇)နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်မှူး ဖေမီနိုသည် မန်ယူနှင့် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် (၃၁)မိနစ်တွင် စတာရစ်ချ်နှင့် လူစားလဲခဲ့ရသည်။
အဆိုပါဒဏ်ရာကြောင့် ဖေမီနိုအနေဖြင့် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် ကစားမည့် ဝက်ဖို့ဒ်နှင့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ပြီး မတ်လ(၃)ရက်နေ့တွင်ကစားမည့် အဲဗာတန်နှင့်ပွဲ၌ပြန်လည် ပါဝင်နိုင်ဖွယ်ရှိကြောင်း ကလော့ပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝက်ဖို့ဒ်အသင်းနှင့် ကစားမည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ကလော့ပ်က ''ဖေမီနိုရဲ့ ဒဏ်ရာအနေအထားကိုကြည့်ရတာ အဆင်ပြေပုံပါပဲ။ ကျွန်တော်တို့ ကံကောင်းတယ်လို့ ပြောရမှာပါ။ ဝက်ဖို့ဒ်နဲ့ပွဲမှာ ပါဝင်နိုင်မှာမဟုတ်ပေမယ့် သေချာတာကတော့ အဲဗာတန်နဲ့ကစားမယ့် မာဆေးဆိုက်ဒါဘီပွဲမှာ ပါဝင်ကစားနိုင်ဖို့ အခွင့်အရေးပိုများပါတယ်။ ဖေမီနိုရဲ့ဒဏ်ရာအနေအထားက တိုးတက်မှုမြန်ဆန်ပြီး သူ့ကိုအသုံးပြုနိုင်၊ မပြုနိုင်ဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရပါလိမ့်မယ်'' ဟုပြောကြားခဲ့သည်။
ထို့ပြင်ကလော့ပ်က မိမိတို့အနေဖြင့် ဖေမီနိုမကစားချိန်တွင် အသင်း၏ကစားပုံကို ပြောင်းလဲသင့်လျှင်ပြောင်းလဲရမည်ဟုလည်း ဝန်ခံခဲ့သည်။
ကလော့ပ်က '' ကျွန်တော်တို့အနေနဲ့ အသင်းရဲ့ကစားပုံကို ပြောင်းသင့်ရင် ပြောင်းရပါလိမ့်မယ်။ ဖေမီနိုဟာ အသင်းအတွက် အလွန်အရေးကြီးပြီး အသုံးဝင်တဲ့ကစားသမားပါ။ ဒါပေမဲ့ သူမကစားနိုင်ချိန်မှာလည်း ကျွန်တော်တို့မှာ အစီအစဉ်တွေရှိပါတယ်။ ဒါပေမဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာ ဘယ်လိုကစားမယ်ဆိုတာကိုတော့ ကျွန်တော်ပြောပြမှာမဟုတ်ပါဘူး'' ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
