အာဆင်နယ်ကွင်းလယ်လူဟောင်း ဒီယာဘီက မိမိအနေဖြင့် ဘောလုံးသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဒီယာဘီသည် ပရောက်ဖက်ရှင်နယ်ကစားသမားဘဝ (၁၄)နှစ်ခွဲကြာ ကာလအတွင်း ဒဏ်ရာပေါင်း (၄၂)ခုအထိ ရရှိခဲ့ပြီး ပရောက်ဖက်ရှင်နယ်ကစားသမားဘဝ ပွဲပေါင်း (၂၁၄) ပွဲကစားခဲ့ကြောင်းသိရသည်။
ပြင်သစ်လက်ရွေးစင်ဟောင်း ဒီယာဘီသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ပြင်သစ်ကလပ် အော်ဇေးအသင်းတွင် စတင်ခဲ့သူဖြစ်ပြီး၊ အာဆင်နယ်အသင်းတွင် ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိကစားခဲ့သူဖြစ်သည်။
ယင်းနောက် ၄င်းသည် ၂၀၁၅-၁၆ ဘောလုံးရာသီတွင် မာဆေးလ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မာဆေးလ်အသင်းက ၄င်းနှင့်စာချုပ်ဖျက်သိမ်းခဲ့သည်။
ဒီယာဘီသည် မာဆေးလ်အသင်းနှင့် စာချုပ်ဖျက်သိမ်းပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်ပြီး ကစားသမားဘဝမှအနားယူကြောင်း ကြေညာချိန်တွင် ၄င်း၏အသက်မှာ (၃၂)နှစ်သာရှိသေးသည်။
ကစားသမားဘဝတွင် ဒဏ်ရာများစွာရရှိခဲ့သူ ဒီယာဘီက '' ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အခုအချိန်ကစပြီး ပြည့်ဖုံးကားချလိုက်ပါပြီ။ ဒဏ်ရာပြဿနာတွေကြောင့် ကစားသမားဘဝမှာ ကျွန်တော်ဟာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။ ချစ်မြတ်နိုးလှတဲ့ ဘောလုံးသမားဘဝက အနားယူဖို့ ဆုံးဖြတ်ရတာဟာ တကယ်တော့ခက်ခဲပါတယ်။ ဒါပေမဲ့ မာဆေးလ်အသင်းကနေ ထွက်ခွာပြီးနောက်မှာ ကျွန်တော်ဟာ ဘောလုံးလောကကို ပြန်လာဖို့အရမ်းခက်ခဲသွားပြီဆိုတာ နားလည်ခဲ့ပါတယ်။ ဒါကြောင့် ကစားသမားဘဝကို အဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့တာပါ'' ဟုပြောကြားခဲ့သည်။
ဒီယာဘီသည် အာဆင်နယ်အသင်းအတွက် (၁၀) ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ (၁၈၀)တွင် (၁၉)ဂိုး သွင်းယူခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်းအတွက်လည်း (၁၆)ပွဲကစားပေးခဲ့သူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
