မန်ယူအသင်းနည်းပြဆိုးလ်ရှားက အသင်းတောင်ပံကစားသမား လင်ဂတ်ကို လီဗာပူးလ်နှင့်ပွဲတွင် အလျင်အမြန်အသုံးပြုခဲ့ခြင်းမှာ မှားယွင်းကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် တနင်္ဂနွေညက ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ (၀-၀) လီဗာပူးလ်ပွဲတွင် ဆိုးလ်ရှားသည် တံကောက်ကြောဒဏ်ရာမှ ပြန်လည်သက်သာလာသည့် လင်ဂတ်ကို ပွဲချိန် (၂၅)မိနစ်တွင် မာတာအစား လူစားဝင်ကစားစေခဲ့ခြင်းဖြစ်သည်။
သို့သော် ကြံ့ခိုင်မှုပြည့်ဝခြင်းမရှိသေးသည့် လင်ဂတ်သည် ကွင်းအတွင်း (၁၈)မိနစ်အကြာ ပွဲချိန် (၄၃) မိနစ်တွင် ဒဏ်ရာပြန်လည်ရရှိခဲ့ပြီး ဆန်းချက်ဇ်နှင့် လူစားလဲခဲ့ရပြန်သည်။
ဆိုးလ်ရှားက '' လီဗာပူးလ်နဲ့ပွဲစဉ်မှာ ဒဏ်ရာကသက်သာလာခါစ လင်ဂတ်ကိုအသုံးပြုခဲ့တာ အရမ်းစောလွန်းတယ်လို့ ခင်ဗျားတို့ပြောကြပါလိမ့်မယ်။ သူဟာ လီဗာပူးလ်နဲ့ပွဲမတိုင်ခင်က လေ့ကျင့်ရေးအစီအစဉ်တွေမှာ အပြည့်အဝလေ့ကျင့်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကိုလီဗာပူးလ်နဲ့ပွဲမှာ အသုံးပြုခဲ့တာကတော့ စောလွန်းတယ်ဆိုတာ ကျွန်တော်ဝန်ခံပါတယ်။ လီဗာပူးလ်နဲ့ ပွဲစဉ်မှာလင်ဂတ်ဟာ ပါဝင်ကစားဖို့အရမ်းစိတ်အားထက်သန်နေခဲ့လို့ အသုံးပြုခဲ့ရတာဖြစ်ပါတယ်'' ဟုဆိုခဲ့သည်။
မန်ယူအသင်းသည် လက်ရှိတွင် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသည့် အသင်းအဓိကကစားသမားများဖြစ်သည့် မာတာ၊ မာစီယဲလ်၊ ဟာရဲရား၊ မာတစ်တို့မှာ ဖေဖော်ဝါရီလ (၂၇)ရက်နေ့ကစားမည့် ဝက်ဖို့ဒ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ပြီး ခြေကျင်းဝတ်ဒဏ်ရာရရှိနေသည့် ရပ်ရှ်ဖို့ဒ်၏ အခြေအနေမှာလည်း စောင့်ကြည့်နေရဆဲဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရချိန်တွင် လူကာကူနှင့် ဆန်းချက်ဇ်တို့အနေဖြင့် အခွင့်အရေးရယူကာ ယခင်ကနာမည်ကျော်ကြားခဲ့သည့်အတိုင်း ခြေစွမ်းပြရန် လိုအပ်သည်ဟုလည်း ဆိုးလ်ရှားက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
