လာဇီယို နှင့် အေစီမီလန် (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)
နောက်ပိုင်းနှစ်တွေမှာ ကိုပါအီတာလီယာပြိုင်ပွဲကို အာရုံစိုက်ကစားနေတဲ့ အသင်း(၂)သင်း တွေ့ဆုံကြတာဖြစ်လို့ စိတ်ဝင်စားစရာကောင်းနေပါတယ်။ လာဇီယိုအသင်းက ၂၀၁၅၊ ၂၀၁၇ ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲတက်ထားပြီး အေစီမီလန်ကတော့ ၂၀၁၆၊ ၂၀၁၈ ပြိုင်ပွဲတွေမှာ ဆုဖလားနဲ့လက်တစ်ကမ်းအလိုထိ ရောက်ရှိခဲ့တာပါ။ ပြီးခဲ့တဲ့(၄)ရာသီအတွင်း ဒီ(၂)သင်းဗိုလ်လုပွဲမရောက်ခဲ့တဲ့နှစ်တွေမှာ အချင်းချင်းတွေ့ဆုံမှု (၁)ကြိမ်စီရှိခဲ့ပြီး ကျန်(၁)ကြိမ်စီကတော့ ချန်ပီယံဖြစ်သွားတဲ့ ဂျူဗင်တပ်စ်နဲ့ တွေ့ဆုံခဲ့လို့ ရပ်တန့်ခံလိုက်ရတာဖြစ်တယ်။ ဂျူဗင်တပ်စ်အသင်း ပြိုင်ပွဲကထွက်သွားရချိန်မှာ (၂)သင်းစလုံးအဖို့ ကာလအတန်ကြာ ဝေးကွာနေတဲ့ ဆုဖလားအိပ်မက်အတွက် အကောင်းဆုံးအခွင့်အရေးကို လက်လွတ်ခံမှာမဟုတ်ပါဘူး။ အေစီမီလန်က ပြီးခဲ့တဲ့ရာသီ ဒီပြိုင်ပွဲဆီမီးဖိုင်နယ်မှာ လာဇီယိုကို ကျော်ဖြတ်ခဲ့တဲ့ အသင်းထက် ပိုကောင်းနေပြီး အမြင့်ဆုံးတည်ငြိမ်မှုရနေတာ တွေ့ရတယ်။ အီမိုဘီလီ၊ ကိုင်စီဒိုတို့ ဂိုးပေါက်ပျောက်နေတဲ့ တိုက်စစ်နဲ့ အေစီမီလန်ဘက်ကို ဂိုးသွင်းနိုင်ဖို့ ခက်ခဲနိုင်တယ်။ အေစီမီလန်ကိုပဲ ရွေးချယ်ချင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
