ထူးဆန်းသော ဗိုင်းရပ်စ် ကူးစက်ပြန့် ပွားမှုကြောင့် သေဆုံးသူ ၁၇ ဦးထိ ရှိလာခဲ့ပြီး အခြားနိုင်ငံများသို့ပါ ကူးစက်ရောက်ရှိခဲ့ပြီးနောက် ထိုဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရန် တရုတ်သည် မကြုံစဖူး လုပ်ရပ် အဖြစ် ယင်းဗိုင်းရပ်စ်၏အစပြုရာ ဗဟိုချက်ဖြစ်နေသောဝူဟန်မြို့နှင့် အခြားမြို့တစ်မြို့ တို့အား ဇန်နဝါရီ ၂၃ တွင် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။
လူဦးရေ ၁၁ သန်းရှိသော ဝူဟန်သည် သယ်ယူပို့ဆောင်ရေး ဗဟိုချက် ဖြစ်ပြီး အာဏာပိုင်များသည် အများပြည်သူ သယ်ယူပို့ ဆောင်ရေး ဘတ်စကားများနှင့်အမြန်ရထား ပြေးဆွဲမှုများကိုလည်း ရပ်ဆိုင်းခဲ့သည်။
အထူးအရေးကြီး အကြောင်းပြချက် မရှိလျှင် မြို့ခံများသည် ဝူဟန်မှမထွက်ခွာကြရန်လည်း အာဏာပိုင်များက တားဆီး ထားခဲ့သည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ဗိုင်းရပ်စ် SARS ဆားစ်နှင့် အ လားတူသော ထိုဗိုင်းရပ်စ်ကို ကူးစက်ခံရသူ ၅၇၀ ကျော်ရှိပြီး အများစုသည် ဝူဟန်မှ ဖြစ် နေသည်။
ဝူဟန်အား ပိတ်ဆို့ကြောင်း ကြေညာခဲ့ ပြီးနောက် နာရီပိုင်းအကြာတွင် လူဦးရေ ၇.၅ သန်းရှိသော အနီးရှိ ဟူအန်ကန်မြို့ တွင်လည်း အများပြည်သူသယ်ယူပို့ဆောင် မှုနှင့် ရထားပြေးဆွဲမှုများအား ယင်းနေ့ ည သန်းခေါင်တွင် ပြေးဆွဲမှု ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း အာဏာပိုင်များက ကြေညာခဲ့ပြီး မြို့ထဲမှ မထွက်သွားကြရန် ဒေသခံများ အား နှိုးဆော်ထားသည်။ ထိုမြို့ထဲရှိ ရုပ်ရှင် ရုံများ၊ အင်တာနက်ဆိုင်များနှင့် ဗဟိုစျေးကိုလည်း ပိတ်ထားမည်ဖြစ်သည်။
နောက်ထပ် မြို့တစ်မြို့ဖြစ်သော လူဦး ရေ ၁.၁ သန်းရှိသည့် Ezhou မြို့တွင်လည်း ဘူတာရုံများကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဝူဟန်တွင် တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းချသော ပင်လယ်စာ စျေးတစ်စျေးမှနေ၍ ဗိုင်းရပ်စ် ကူးစက်မှု စတင်ခဲ့သည်ဟု ပညာရှင်များက ယူဆထားသည်။ ယခုသီတင်းပတ်တွင် ထုတ်ပြန်ခဲ့သော လေ့လာမှုများအရ ထိုဗိုင်းရပ်စ်သည် မြွေ သို့မဟုတ် လင်းနို့များမှ အစပြု ကူးစက်ခြင်း ဖြစ်နိုင်ကြောင်း ဖော်ထုတ်ထားသည်။
၂၀၀၂-၂၀၀၃ ခုနှစ်က ဆားစ် ကူးစက်မှုကြောင့် တရုတ်နှင့်ဟောင်ကောင်တွင် လူ ၆၅၀ နီးပါး သေဆုံးခဲ့ပြီး ယခုဖြစ်ပွားနေသော ဗိုင်းရပ်စ်သည် ဆားစ်နှင့်ဆင်တူမှုကြောင့် စိုးရိမ်မှု ကြီးမားနေသည်။
ဆားစ်ကဲ့သို့ပင် ယခုဗိုင်းရပ်စ်သည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် လူအချင်းချင်း ကူးစက်နိုင်သည်ဟု ဆိုသည်။
လူအချင်းချင်း အနီးကပ် ထိတွေ့မှုမှ တစ်ဆင့် ဗိုင်းရပ်စ် ကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားပြီး ထိုဗိုင်းရပ်စ်သည် မျိုးဗီဇပြောင်းလဲကာ ကူးစက်မှုကို ပိုဆိုးစေနိုင်ကြောင်း တရုတ် ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားထားသည်။
ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုအတွက် မြို့ ကို ထိန်းချုပ်စောင့်ကြည့်မှု ဆောင်ရွက်နေကြောင်း ကြေညာမှုအတွက် ကမ္ဘာပျက်သကဲ့သို့ ခံစားရကြောင်း တရုတ်လူမှုမီဒီယာ ဝေပိုတွင် ဝူဟန်မြို့ခံတစ်ဦးက ရေးသားခဲ့သည်။
ဒီဇင်ဘာ ၃၁ က ဝူဟန်တွင် ဗိုင်းရပ်စ် ကို ပထမဆုံး စစ်ဆေးတွေ့ရှိခဲ့ပြီး ထိုနောက် ပိုင်းတွင် ဂျပန်၊ ဟောင်ကောင်၊ မကာအို၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်းနှင့်အမေရိ ကန်တို့သို့ ကူးစက် ပျံ့နှံ့ခဲ့သည်။
တရုတ်နှစ်သစ်ကူး ပွဲတော်ကာလအ တွင်း လူသန်း ရာနှင့်ချီပြီး ခရီးသွားလာကြ မည့်အချိန်တွင် တရုတ်နိုင်ငံတစ်ဝန်း၌ ရော ဂါထိန်းချုပ်ရေး ဆောင်ရွက်မှုများကို အမျိုး သားကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၂၂ တွင် ကြေညာခဲ့သည်။
ရောဂါထိန်းချုပ်ရေး ဆောင်ရွက်မှုများ သည် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိရောက်စွာ ထိန်း ချုပ်ရန် ရည်ရွယ်ကြောင်း ပြည်သူတို့၏ကျန်း မာရေးနှင့်ဘေးကင်းမှုကို အာမ ခံရန် ရည် ရွယ်ကြောင်း ဝူဟန် ဗိုင်းရပ်စ်နှိမ်နင်းရေး အထူးစင်တာက ပြောကြားခဲ့သည်ဟု အစိုးရမီဒီယာက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
