အကျင့်ပျက်ခြစားမှု၏ သင်္ကေတတစ်ခု အဖြစ် ရှုမြင်ခံရသော သြဇာကြီး အထည်ချုပ်လုပ်ငန်း လော်ဘီအဖွဲ့၏ ရုံးချုပ်အဆောက် အအုံတစ်ခုအား ဖြိုချမှု စတင်လုပ်ဆောင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဇန်နဝါရီ ၂၂ တွင် ပြောကြားခဲ့သည်။
မြို့တော်ဒါကာရှိ ၁၅ ထပ် အဆောက် အအုံအား မြေထိုးစက်များအပြင် တူများ ကိုင်ထားသည့် အလုပ်သမားများ အသုံးပြု ၍ ဖြိုချမှုလုပ်ငန်းစဉ်သည် ခြောက်လကျော် အတွင်း ပြီးစီးမည်ဟု တာဝန်ရှိသူများက ပြောကြားထားသည်။
ဒါကာမြို့ရှိ အဓိကကျသော ရေကန် တစ်ခု၏ မြေနိမ့်ဧရိယာတွင် ထိုအဆောက် အအုံအား ဥပဒေနှင့်မညီဘဲ တည်ဆောက် ထားခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင် ရာ ဥပဒေများအား ပြောင်ပြောင်တင်းတင်း မထီမဲ့မြင်ပြုခြင်းဖြစ်သည်ဟု နိုင်ငံ၏အမြင့် ဆုံး တရားရုံးက အမိန့်ချခဲ့ပြီးနောက် သုံးနှစ် နီးပါးအကြာတွင် ထိုအဆောက်အအုံအား ဖြိုချမှု စတင်ခဲ့ခြင်းဖြစ်သည်။
ထိုအဆောက်အအုံသည် ပြည်နယ်၊ နိုင်ငံ၊ သဘာဝပတ်ဝန်းကျင်နှင့် လှပသော ဒါကာအတွက် အန္တရာယ်ပေးနိုင်သည့် အသား ပိုတစ်ခုဖြစ်နေကြောင်း Housing and Public Works ဝန်ကြီး အက်စ်အမ်ရီဇူးကာရင်က ပြောကြားခဲ့သည်။
ဒေါ်လာ ၄၀.၅ ဘီလျံတန်ဖိုးရှိ အထည် အလိပ်များ ပြည်ပတင်ပို့မှု၏ ၈၄ ရာခိုင်နှုန်း ကို ကိုယ်စားပြုသော အဖွဲ့ဝင်များပါဝင်သည့် လော်ဘီအဖွဲ့တစ်ဖွဲ့ဖြစ်သော ဘင်္ဂလားဒေ့ရှ် အထည်အလိပ် ထုတ်လုပ်သူများနှင့် တင်ပို့ သူများ အဖွဲ့အစည်းက ထိုအဆောက်အအုံကို ပိုင်ဆိုင်ခြင်းဖြစ်သည်။
အစိုးရပိုင်သော မြေတစ်ခုပေါ်တွင် တရားမဝင် တည်ဆောက်ထားကြောင်း ဖော်ထုတ်ခံခဲ့ရပြီးနောက် ပြီးခဲ့သောဆယ်စုနှစ် တစ်ခုကျော်ကတည်းက သဘာဝပတ်ဝန်းကျင်အရေးဆိုင်ရာ ရှေ့နေများသည် ထို အဆောက်အအုံ၏ တရားဝင်ဖြစ်မှုကို ဥပဒေကြောင်းအရ ပထမဆုံးအကြိမ် စိန်ခေါ်ခဲ့ ခြင်းဖြစ်သည်။
ယင်းအချိန်က ဝန်ကြီးချုပ်ဖြစ်သော ရှိတ်ဟာစီနာက ၁၉၉၈ ခုနှစ်တွင် ထိုအငြင်းပွားဖွယ် အဆောက်အအုံအတွက် အုတ်မြစ်ချပေးခဲ့သည်။ ယင်းနောက် ၎င်းအား ဆက်ခံသူက ထိုအဆောက်အအုံကို ၂၀၀၆ တွင် တရားဝင်ဖွင့်လှစ်ပေးခဲ့သည်။ လော်ဘီအဖွဲ့ ဥက္ကဋ္ဌက တရားရုံး၏အမိန့်အား လေးစား ကြောင်းနှင့် ဖြိုချမှုအား ဘေးကင်းစွာ လုပ် ဆောင်ရန်အတွက် တောင်းဆိုခဲ့သည်။
နိုင်ငံအစိုးရနှင့် သြဇာကြီး လုပ်ငန်းရှင် များသည် ထိုဖြစ်စဉ်မှ သင်ခန်းစာယူနိုင်မည် ဟု မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ်သဘာဝ ပတ်ဝန်းကျင်အရေး ထိပ်တန်းလှုပ်ရှားသူ ရှရစ်ဂျမီက ပြောကြားခဲ့သည်။ နိုင်ငံတစ်ဝန်း တွင် မြေနိမ့်ပိုင်းနှင့် ရေလမ်းကြောင်းများ၌ တရားမဝင် တည်ဆောက်ထားသော အ ဆောက်အအုံ ၅၀၀၀၀ ခန့်လည်းရှိကြောင်း ၎င်းင်းက ပြောကြားခဲ့သည်။
ဒါကာ၏အဓိကမြစ်ထဲသို့ စွန့်ပစ်ပစ္စည်း များ စွန့်ပစ်မှုအတွက် အပြစ်တင်ခံထားရ သည့် စက်ရုံ ၂၃၁ ရုံအား ပိတ်သိမ်းရန် အထက် တရားရုံးက အမိန့်ချခဲ့အပြီး နှစ်ရက်အကြာ တွင် ထိုအငြင်းပွားဖွယ် အဆောက်အအုံ အား ဖြိုချခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
