ဇန်နဝါရီ ၂၂ ရက်တွင် ကမ္ဘောဒီးယား တရားရုံး၌ ဖွင့်ပြခဲ့သည့် ၂၀၁၃ ခုနှစ်က ရိုက်ကူးထားသောဗီဒီယိုတစ်ခုအတွင်း ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် ကမ်ဆိုခါက မည်သူမည်ဝါမှန်းမသိရသည့် အမေရိကန်နိုင်ငံသားများထံမှ ရန်ပုံငွေနှင့်အကြံပေး ချက်ကိုလက်ခံရယူခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သော်လည်း ဝန်ကြီးချုပ်ဟွန်ဆန်အား ဖြုတ်ချရန် ကြိုးပမ်းခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
အချိန်တစ်နာရီကျော် ကြာမြင့်သော ယင်းဗီဒီယိုကို သက်သေခံ အထောက်အထားအဖြစ် ကမ်ဆိုခါကိုယ်တိုင် တရားရုံးသို့ တင်သွင်းခဲ့ခြင်းဖြစ်ကာ ဗီဒီယိုထဲတွင် တရားခံဖြစ်သူ ဆိုခါက ကမ္ဘောဒီးယားနိုင်ငံ၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံနှုန်းများကို အားကောင်းလာစေမည့် နည်းလမ်းများ ပံ့ပိုး ပေးနိုင်ရန်အတွက် ၎င်းသည် မည်သူမည်ဝါ မှန်းမသိရသော အမေရိကန်များထံမှ ရန်ပုံငွေနှင့်အကြံပေးချက်တို့ကို လက်ခံခဲ့ဖူးကြောင်း ပြောကြားထားခြင်းဖြစ်သည်။
“ကျွန်တော် ရေဒီယို အသံလွှင့်ဌာနတစ်ခုကို ငှားရမ်းခဲ့ပါတယ်။ အောက်ခြေလူ တန်းစားတွေကို ပညာသင်ကြားပေးဖို့ အတွက် အဲ့ဒီ့အသံလွှင့်ဌာနကို အမေရိကန် က ငှားရမ်းခွင့်ပြုခဲ့တာပါ ”ဟု ကမ္ဘောဒီးယား အတိုက်အခံနိုင်ငံရေးသမားဟောင်းဖြစ်သူ မမ်ဆိုနန်ဒိုပိုင်ဆိုင်သော အသံလွှင့်ဌာနကို ရည်ညွန်းလျက် ဆိုခါက ထိုဗီဒီယိုအတွင်း ပြောကြားခဲ့သည်။
ရေဒီယိုအသံလွှင့်ဌာန တည်ဆောက်ရန်၊ လူထုဆွေးနွေးပွဲများအတွင်း ၎င်းနေ့စဉ် ပြောကြားထားသော မိန့်ခွန်းများကို အသံထုတ်လွှင့်ရာ၌ လိုင်းအား ပိုမိုကောင်းမွန် စေရန်အတွက် မန်ဆိုနန်ဒိုအား ဒေါ်လာ ၅၀၀၀၀ ပေးအပ်ခဲ့ကြောင်း ဆိုခါက ဆို သည်။ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အညှာအတာကင်းမဲ့သော အစွန်းရောက် မော်ဝါဒီ ခမာအစိုးရအဖွဲ့၏ အုပ်ချုပ်မှု အောက်တွင် လူနှစ်သန်းခန့်သေဆုံးခဲ့ရ သည့် ကသောင်းကနင်းဖြစ်စဉ်ဖြစ်ပွားခဲ့ရာ ကမ္ဘောဒီးယား၌ အကြမ်းဖက်မှုမှတစ်ဆင့် နိုင်ငံရေးအသွင်ကူးပြောင်းအောင် ကြိုးပမ်း လိုသည့်ရည်ရွယ်ချက် အလျဉ်းမရှိကြောင်း ဆိုခါက ငြင်းဆိုထားသည်။
“ ခမာ သွေးချောင်းစီးတဲ့အဖြစ်မျိုး ထပ်ဖြစ်ပွားတာကို ကျွန်တော်တို့ အလိုရှိ သလား။ အဖြေကတော့ နိုးပါ။ ကျွန်တော်တို့ အဲ့အဖြစ်မျိုးကို အလိုမရှိပါဘူး။ အမျိုးသား ကယ်တင်ရေးပါတီအနေနဲ့ အကြမ်းဖက်တဲ့ နည်းကို လုံးဝ အသုံးမပြုပါဘူး ” ဟု ဗီဒီယိုအတွင်း ဆိုခါက ပြောကြားထားသည်။
ဆိုခါ၏ပြောကြားချက်အပေါ် မှတ်ချက်ပေးရန် တောင်းဆိုချက်အား ဖနွမ်းပင်ရှိ အမေရိကန်သံရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်က ဖြေကြားခြင်းမရှိသေးပေ။ ကမ်ဆိုခါသည် ၂၀၁၇ ခုနှစ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ၂၀၁၈ ပါလီမန်ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ဆဲကာလအတွင်း နိုင်ငံရေးအတိုက်အခံ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းနှင့်သတင်းမီဒီယာတို့ကို ဝန်ကြီးချုပ်ဟွန်ဆန်က နှိမ်နင်း ဖြိုခွင်းမှုလုပ်ဆောင်ရာတွင် ဆိုခါ၏ နိုင်ငံရေးပါတီမှာလည်း ပိတ်ပင်ခံခဲ့ရသည်။
အသက် ၆၆ နှစ်အရွယ်ရှိ ဆိုခါသည် ဝန်ကြီးချုပ်ဟွန်ဆန်အား ဖြုတ်ချရန် အမေရိ ကန်နှင့်ပူးပေါင်းကြံစည်ခဲ့ကြောင်း စွပ်စွဲခံရ ပြီး နိုင်ငံတော်သစ္စာဖောက်မှုစွဲချက်ဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။ ဆိုခါကမူ စွဲချက်များကို ငြင်းဆိုထားပြီး ယင်းသည် နိုင်ငံရေးလှုံ့ဆော်မှုဖြစ်ကြောင်း ပြောကြားထားသည်။ ပြစ်မှုထင်ရှားပါက ဆိုခါသည် ထောင်ဒဏ်နှစ် ၃၀ ထိ ချမှတ်ခံရနိုင်သည်။ ဇန်နဝါရီ ၂၂ ရက်ကလုပ်ဆောင်သော ကြားနာစစ်ဆေးမှုကို သတင်းထောက်အချို့အား သတင်းရယူခွင့်ပြုခဲ့သည်။ ဆိုခါ၏အမှုကို ဇန်နဝါရီ ၂၃ ရက်တွင် ဆက်လက်စစ်ဆေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
