၂ဝ၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို လာမည့် အောက်တိုဘာလ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် (၂၅၀၀)ဦးကျော် ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲများကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမနှင့် လေ့ကျင့်ရေးဇာတ်ရုံ၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်နှင့် စည်ပင်သာယာရေးကော်မတီရှိ လေဟာပြင်ဇာတ်ရုံတို့၌ အသီးသီးကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဝန်ကြီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြိုင်ပွဲပြင်ဆင်မှုများကို ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့ပြီး၊ ပြိုင်ပွဲဝင်များနှင့် ဝါရင့်အနုပညာရှင်ကြီးများအား အားပေးစကားပြောကြားခဲ့သည်။
အဆိုပြိုင်ပွဲ(မဟာဂီတ၊ ကာလပေါ်၊ အမျိုးဂုဏ်မြှင့်တင်ရေးတေးသီချင်း)၊ အကပြိုင်ပွဲ(တိုင်းရင်းသားတို့၏ ရိုးရာတူရိယာတိုင်းရင်းသားရိုးရာ/ကျေးလက်ရိုးရာအက၊ ကဗျာလွတ် ချင်းတိုင်းရင်းသားရိုးရာအက၊ ရုပ်သေးကြိုးဆွဲ)၊ အတီးပြိုင်ပွဲ(စန္ဒရား၊ ဂီတာ၊ ဒုံမင်း၊ မယ်ဒလင်)တို့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင်ကျင်းပသွားမည်ဖြစ်သည်။
အရေးပြိုင်ပွဲ၊ ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲတို့အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၊ အတီးပြိုင်ပွဲ(ဒိုးပတ်၊ အိုးစည်၊ တယော)၊ ကွက်စိပ်ပြိုင်ပွဲတို့ကို လေ့ကျင့်ရေးဇာတ်ရုံ တို့၌ကျင်းပသွားမည်ဖြစ်သည်။
အတီးပြိုင်ပွဲ(ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်၊ ဆိုင်းတစ်ဦးချင်း)တို့ကို အမျိုးသားစာကြည့်တိုက်၊ အတီးပြိုင်ပွဲ(စောင်း၊ နှဲ၊ ပလွေ၊ ပတ္တလား)တို့ကို အမျိုးသားပြတိုက်၊ ဇာတ်တော်ကြီးပြိုင်ပွဲကို နေပြည်တော် စည်ပင်သာယာရေးကော်မတီရှိ လေဟာပြင်ဇာတ်ရုံတို့၌ အသီးသီးကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။






-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
