ယူကရိန်းသည် တန်ပြန်ထိုးစစ်ကို မကြာမီအချိန်အတွင်း စတင်နိုင်တော့မည်မဟုတ်ဟု ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာနက ယုံကြည်ထားကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး ဂျာမနီအခြေစိုက် Bild သတင်းစာက ရေးသားဖော်ပြခဲ့သည်။
တန်ပြန်ထိုးစစ်ကို အကောင်အထည်ဖော်ရန် ယူကရိန်းဝန်ကြီးဌာနသည် မကြာမီ ဆောင်ရွက်နိုင်လိမ့်မည်ဟု မယုံကြည်ကြောင်းနှင့် တစ်ချိန်တည်းမှာပင် ဂျာမနီသည် ယူကရိန်းအတွက် ကြီးမားသောပစ္စည်းများကို ထောက်ပံ့ပေးတော့မည်မဟုတ်ကြောင်းကိုပါ ထည့်သွင်းရေးသားထားသည်။
“အပြောင်းအလဲတွေ လုပ်ပြီးသွားပါပြီ” ဟု ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းရေးစာရွက်စာတမ်းကို ကိုးကား၍ သတင်းစာက ရေးသားခဲ့သည်။ ထို့ကြောင့် ဂျာမန်စစ်တပ်တွင် တင့်ကားအစီးရေ ၃၀၀ ခန့်ရှိသော်လည်း Leopard 2 တင့်ကားများကို ကိယက်ဗ်သို့ ထောက်ပံ့ပေးမည်မဟုတ်ကြောင်း သတင်းစာက ဆိုသည်။
ဂျာမနီသည် လက်ရှိအချိန်တွင် အမေရိကန်ပြီးလျှင် ယူကရိန်းသို့ ဒုတိယမြောက်အများဆုံး လက်နက် ထောက်ပံ့နေသော နိုင်ငံဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
