ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်တွင် အငှားယာဉ် Probox တစ်စီး ဘီးပေါက်ကာ ကား(၃)စီး ဆင့်တိုက်မှုဖြစ်ပွားရာ (၃)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံများနှင့် သွားရောက်ကူညီသည့် ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းတို့ထံမှ သိရသည်။
မြောက်ဒဂုံမြို့နယ်၊ (၃၈)ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် ဦးရွှေဇံအောင်လမ်းထောင့်တွင် အောက်တိုဘာ (၁၁)ရက်၊ ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်၍ ထိခိုက်ဒဏ်ရာရရှိသူများရှိသဖြင့် လာရောက်ကူညီပေးရန် တာဝန်သိ ပြည်သူတစ်ဦးမှ ဖုန်းဆက်အကူညီတောင်းသဖြင့် ဒဂုံမြို့သစ်ခရိုင်မှ ဝန်းရံမှူး လူမှုကူညီကယ်ဆယ်ရေးအသင်းရုံးချုပ်မှ ကူညီရန်ထွက်ခွာခဲ့ကြောင်း သိရသည်။
အဆိုပါ အငှားယာဉ်မှာ ဘီးပေါက်၍ ကား (၃)စီးအား ဆင့်တိုက်မိပြီး လမ်းဘေးရှိ သစ်ပင်ကို ထပ်မံတိုက်မိကာ ရပ်တန့်သွားခဲ့ကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံတို့က ဆိုသည်။
အခင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရ အဝါရောင်အဆင့် အမျိုးသား လူနာ(၁)ဦး အစိမ်းရောင်ဆင့် အမျိုးသား လူနာ (၂)ဦးတို့အား မြေပြင်ကုသမှုများပြုလုပ်ပေးပြီး ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ အရေးပေါ်လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
