ကိုယ်ဝန်ဆောင် မိခင်နှင့် ကလေးနှစ်နှစ်အထိ နိုင်ငံတော်မှ ငွေကြေးထောက်ပံ့မှု အစီအစဉ် ချင်း၊ ရခိုင်နှင့် နာဂဒေသ၌ စတင်နေပြီဖြစ်ပြီး ကယား၊ ကရင်၊ ဧရာဝတီနှင့် ရှမ်းဒေသတို့၌ တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကိုယ်ဝန်စရှိစဉ်ကနေပြီးတော့ မွေးပြီး နှစ်နှစ်၊ သုံးနှစ်အထိ ကာလသည် ဦးနှောက်ဖွံ့ထွားမှု အထွတ်အထိပ် ရောက်တယ်။ အဲဒီကာလမှာ လေ့ကျင့်ပျိုးထောင်ပေးဖို့က အလွန်အရေးကြီးတယ်။ အဲဒီကာလသည် အလွန်အရေးကြီးတယ်။ အဲဒီကာလမှာ ထိခိုက်မှု၊ နစ်နာမှု ကလေးတွေမှာ တစ်စုံတစ်ရာ မဖြစ်ဖို့လိုတယ်။ ထိခိုက်နစ်နာမှုက ဘယ်လိုလဲလို့မေးရင် ဥပမာအားဖြင့် ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုက ဦးနှောက်နဲ့ဆိုင်တော့ ဦးနှောက်ထဲက အားလုံးလုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ဖို့ လုပ်ငန်းတွေ အကုန်လုံးကို ကွန်ရက်လို ချိတ်ဆက်ရတယ်။ အဲဒီချိတ်ဆက်မှုတွေ မှားယွင်းလို့ မရဘူး။ ရပ်တန့်လို့မရဘူး။ နောက်ဆုတ်သွားလို့ မရဘူး။ အဲဒါ ဘယ်အပေါ် မူတည်လဲဆိုတော့ ဘယ်လိုပြုမူဆက်ဆံတယ် ဆိုတဲ့အပေါ် မူတည်တယ်။ အာဟာရပေါ်မှာ မူတည်တယ်။ အဲဒီတော့ အာဟာရ အတွက်ကို ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးနှစ်နှစ်အထိကို ငွေတွေထောက်ပံ့တာ ရှိတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဆောင်ရွက်နိုင်သေးဘူး။ အဆင်းရဲဆုံးဖြစ်တဲ့ ချင်း ကစတယ်။ ရခိုင်၊ နာဂ သုံးခုစပြီ။ အခုဆက်ပြီး တိုးလာမှာက ကယား မကြာခင်မှာ ရှိမယ်၊ ကရင်၊ နောက်ပြီးရင် ဧရာဝတီနဲ့ ရှမ်း ရောက်လာမယ်” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။
ရှေးဦးအရွယ် ကာလသည် အလွန်အရေးကြီးသည်ကို ပြည်သူများအနေဖြင့် သိထားပြီး နိုင်ငံတော်၏ ငွေကြေးထောက်ပံ့မှု၊ ပညာပေးမှုတို့နှင့် တွဲလိုက်ပါက ပိုမိုအဆင်ပြေသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။ မူကြိုမတက်နိုင်သည့် နေရာများ၌ ကလေးငယ်များကို စနစ်တကျ ပြုစုစောင့်ရှောက်နိုင်ရန်အတွက် သင်ကြားပေးမည့်သူကို သင်တန်းပေး၊ ထောက်ပံ့ကြေးပေးကာ ကလေးငယ်များ အတွက်လည်း ထောက်ပံ့ကြေးပေးသည့် မိခင်ဝိုင်းများကိုလည်း အချို့နေရာများ၌ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး တိုးချဲ့ဆောင်ရွက်နိုင်ရေး အတွက်လည်း ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
