ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ဖြစ်ရသော ရောဂါများဖြစ်သည့် ကင်ဆာ၊ နှလုံး၊ သွေးကြောဆိုင်ရာ ရောဂါများ၊ သွေးတိုးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ် လူခြောက်သောင်းကျော် သေဆုံးနေရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။ “ဆေးရွက်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းတွေ ပါဝင်တဲ့ ကွမ်းယာစားသုံးတဲ့အတွက်ကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ်ခုနစ်သန်းကျော် သေဆုံးနေကြရတယ်။ မြန်မာနိုင်ငံ အနေနဲ့ကတော့ စစ်တမ်းတွေအရ နှစ်စဉ် လူပေါင်းခြောက်သောင်းကျော်က ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ဖြစ်ရတဲ့ ရောဂါတွေ ကင်ဆာ၊ နှလုံး၊ သွေးတိုး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ စတဲ့ရောဂါတွေကြောင့် သေဆုံးနေကြရတယ်” ဟု ၎င်းက ပြောကြားသည်။
ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်နှစ်တိုင်း လူသားပေါင်း ခုနစ်သန်းကျော် သေဆုံးနေပြီး ဆေးရွက်ကြီး သုံးစွဲခြင်း (ဆေးလိပ်နှင့် ဆေးရွက်ကြီး ပစ္စည်းများ သောက်သုံးခြင်းကြောင့်) လူသားပေါင်း ခြောက်သန်းကျော် တိုက်ရိုက်ဆက်နွှယ် သေဆုံးကြရပြီး ကျန်တစ်သန်းခန့်သည် တိုက်ရိုက်မဟုတ်သော ဆေးရွက်ကြီး သုံးစွဲခြင်းကြောင့် သေဆုံးကြရပြီး ဆေးလိပ်သောက်သုံးသူများ၏ လူဦးရေ ထက်ဝက်ကျော်မှာ စီးကရက် အမြဲသောက်ခြင်းကြောင့် သေဆုံးကြရခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အရွယ်ရောက်ပြီးသူများ (အသက် ၁၅ နှစ်နှင့်အထက်) အမျိုးသား (၄၃ ဒသမ ၈ ရာခိုင်နှုန်း ) နှင့်အမျိုးသမီး (၈ ဒသမ ၄ ရာခိုင်နှုန်း) တို့သည် ဆေးရွက်ကြီး သုံးစွဲသူများဖြစ်ကြောင်းနှင့် အမျိုးသား (၆၂ ဒသမ ၂ ရာခိုင်နှုန်း) နှင့် အမျိုးသမီး (၂၄ ဒသမ ၁ ရာခိုင်နှုန်း) သည် ဆေးရွက်ကြီးပစ္စည်းများ သုံးစွဲခြင်း (ကွမ်းယာစားခြင်း) ပြုလုပ်ကြောင်း၊၂၀၁၆ ခုနှစ် စာရင်းများအရ၊ အသက်ငယ်ရွယ်သူ လူငယ်များ (အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြားရှိသူများ) ယောကျ်ားလေး ၂၁ ရာခိုင်နှုန်းနှင့် မိန်းကလေး ၂ ရာခိုင်နှုန်းတို့သည် ဆေးလိပ်သောက်သုံးပြီး ယောကျ်ားလေး ၁၁ ရာခိုင်နှုန်းနှင့် မိန်းကလေး ၂ ရာခိုင်နှုန်းတို့သည် ကွမ်းယာစားကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသတွင် ဆေးလိပ်သောက်သုံးသူပေါင်း ၂၄၆ သန်းခန့်ရှိပြီး ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲခြင်း (ကွမ်းယာစားခြင်း) ပြုလုပ်သူပေါင်း သန်း ၂၉၀ ရှိကြောင်း သိရသည်။ ဆေးရွက်ကြီးသုံးစွဲမှု ပျံ့နှံ့နေခြင်းကို ရပ်ဆိုင်းရန် မလုပ်ဆောင်ပါက ၂၀၃၀ ပြည့်နှစ် အရောက်တွင် သေဆုံးသူဦးရေမှာ (၈ ဒသမ ၃) သန်းအထိ ရှိလာမည်ဖြစ်ပြီး သေဆုံးသူဦးရေ၏ ရာခိုင်နှုန်း ၈၀ ကျော်သည် ဝင်ငွေ နည်းပါး (သို့မဟုတ်) အသင့်အတင့်ရှိသော နိုင်ငံများတွင် ရှိနေကြောင်း သိရသည်။
လူအများ၏ ကျန်းမာရေးကို ကြီးမားစွာ ထိခိုက်စေသော ဆေးလိပ်ငွေ့ ကင်းစင်ရေးအတွက် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဆေးလိပ်ငွေ့ ကင်းစင်ရေးအတွက် စတင်အကောင်အထည်ဖော်ရေးအတွက် ၂၀၁၆ ခုနှစ်ကစပြီး ပညာပေးမှုများ၊ ဟောပြောပွဲများ၊ သင်တန်းများ စသည်ဖြင့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
