ရွှေတိဂုံ စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေပြားသင်္ကန်းအသစ် ကပ်လှူခြင်း ၇၅ ရာခှိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့မှ ဇန်နဝါရီ ၂၂ ရက်တွင် စုံစမ်းသိရသည်။ စေတီတော်မြတ်ကြီး၏ ကြာမှောက်၊ ကြာလှန် ဧရိယာရှိ ရွှေရောင်မှေးမှိန် ညိုမည်းလာခြင်းကြောင့် ရွှေပြားသင်္ကန်းအသစ် ဆက်ကပ်လှူဒါန်းမှု လုပ်ငန်းများကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် လုပ်ငန်းပြီးစီးရန် ခန့်မှန်းထားကြောင်း သိရသည်။
ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ရုံး အဖွဲ့မှူး ဦးထွန်းအောင်ငွေက “ရွှေတိဂုံ စေတီတော်ကြီး ၇၅ ရာခိုင်နှုန်း ပြီးစီးပါပြီ။ ဖေဖော်ဝါရီ ၂၈ ပြီးစီးပါမယ်လို့ ခန့်မှန်းပါတယ်” ဟု ပြောကြားသည်။ ၂၀၁၈ -၁၉ ခုနှစ် ရွှေပြားသင်္ကန်း ဆက်ကပ်ခြင်းတွင် အလှူရှင်များ လှူဒါန်းထားသော ရွှေပြားသင်္ကန်းတော်များကို ရထားပျံဖြင့် စေတီတော် ကိုယ်လုံးတော်ပေါ်သို့ ကိုယ်တိုင်လှူဒါန်းနိုင်ရန်နှင့် တစ်ရက်လျှင် အလှူရှင် ၁၅၀ ဦးစီဖြင့် ကပ်လှူနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ရွှေတိဂုံ စေတီတော်၏ ကိုယ်လုံးတော် ကြံ့ခိုင်မှု စစ်ဆေးခြင်း၊ ရွှေပြားသင်္ကန်းအသစ် ကပ်လှူပူဇော်ခြင်းများ ဆောင်ရွက်ရန်အတွက် စေတီတော်ငြမ်းဆင်ခြင်းကို စက်တင်ဘာ ၁၇ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ကိုယ်လုံးတော် ကြာမှောက်၊ ကြာလှန် ဧရိယာရှိ ရွှေစင်ပြား (Gold Coating) များ ၂၀၁၈ ခုနှစ်တွင် ရွှေရောင်မှေးမှိန် ညိုမည်းလာရာ ပြည်သူများအကြား ဝေဖန်မှု ရှိခဲ့သဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ရွှေသင်္ကန်းတော်အသစ် ကပ်လှူပူဇော်ရေးကို တစ်နှစ်စော၍ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ရွှေတိဂုံ စေတီတော် ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းကို ပုံမှန်အားဖြင့် ငါးနှစ်တစ်ကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး နောက်ဆုံးအကြိမ် ကပ်လှူခြင်းမှာ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ဖြစ်သည်။
ရွှေတိဂုံ စေတီတော်ကြီးတွင် ကပ်လှူထားသော ရွှေစင်ပြား(Gold Coating) များကို ၂၀၀၈ -၂၀၀၉ ခုနှစ် စတင်ကပ်လှူခဲ့ပြီး ညိုမည်းလာမှုများကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြည်သူများနှင့် အလှူရှင်များက ရွှေသင်္ကန်း ကပ်လှူခြင်းကို ရွှေစင်ရွှေပြား အစစ်ဖြင့်သာ ကပ်လှူလိုသဖြင့် ရွှေစင်ပြား (Gold Coating) များ ဆက်လက်ဆောင်ရွက်ခြင်း မပြုရန် ၊ ရွှေတိဂုံစေတီတော်၌ ငှက်ပျောဖူးတော် အောက်ပိုင်း၊ ကြာရင့်၊ ကြာလှန်၊ ရွဲ ၊ ကြာနု၊ ကြာမှောက်၊ ဖောင်းရစ် (ဖောင်းလုံး)၊ ပန်းဆွဲ၊ သပိတ်မှောက်၊ ရင်စည်း(ခါးစည်း) ၊ခေါင်းလောင်း၊ ခေါင်းလောင်းနား၊ ကျည်းဝန်း(ကျည်းခွေ)၊ ရှစ်မြှောင့်အထိ ရွှေပြားကြိတ်စက်ရုံမှ ထုတ်လုပ်သော ရွှေပြား (Gold Plate) များဖြင့် ရနိုင်သရွေ့ ကပ်လှူပူဇော်ရန် ၊ ရွှေပြား (Gold Plate) ရွှေသင်္ကန်းတော် မကပ်နိုင်သည့် ဧရိယာများအား ရွှေမျက်ပါး၊ ရွှေဆိုင်း၊ ရွှေသင်္ကန်းတော်သာ ကပ်လှူပူဇော်ရန် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
