အလှမယ် သင်းသင်းက သရုပ်ဆောင် ဝေဠုကျော်အား ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားမှုအတွက် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ ဝေဠုကျော်ကို ကျပ်သိန်း ၅၀ ခံဝန်ဖြင့် အာမခံပေးခဲ့ကြောင်း သက်ဆိုင်ရာ တရားရုံးမှ ဇန်နဝါရီ ၂၂ ရက်က စုံစမ်းသိရသည်။
ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားမှုအတွက် သရုပ်ဆောင် ဝေဠုကျော်နှင့် အလှမယ် သင်းသင်းတို့က ဇန်နဝါရီ ၂၂ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးသို့ လာရောက် တရားရင်ဆိုင်ခဲ့ကြခြင်းဖြစ်ပြီး ဝေဠုကျော်ဘက်မှ အာမခံ လျှောက်ထားခဲ့ရာ တရားရုံးမှ အမှုကို စွဲဆိုထားသည့် ပုဒ်မမှာ အာမခံပေးနိုင်သည့် ပုဒ်မဖြစ်သည့်အတွက် ကျပ်သိန်း ၅၀ ခံဝန်အတွက် အာမခံပေးမည့်သူနှစ်ဦးနှင့် အာမခံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမှုအတွက် အမှန်အတိုင်းသာ ဆက်လက်ရင်ဆိုင်မည်ဖြစ်ကြောင်း သရုပ်ဆောင် ဝေဠုကျော်က တရားရုံးသို့ လာရောက်စဉ် မီဒီယာများအား ပြောကြားသည်။
“ဒီအမှုက အာမခံပေးလို့ရတဲ့ အမှုဖြစ်လို့ အာမခံရတာပါ။ မိဘဆိုတာကတော့ သားသမီးကို အယုံကြည်ဆုံးပဲလေ။ အဲဒါကြောင့် အာမခံပေးတာပါ။ ကျွန်တော်ကတော့ ဘာမှ ထွေထွေထူးထူး ပြင်ဆင်မထားပါဘူး။ အမှန်အတိုင်းပဲ ကျွန်တော်သွားဖို့ ရှိပါတယ်။ အားလုံးရဲ့ အဖြေကိုကတော့ တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်။ ဒါကတော့ လူ့လောကကြီးထဲမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ ကျွန်တော်အမှန်တရားအပေါ်မှာပဲ ရပ်တည်မှာပါ” ဟု သရုပ်ဆောင် ဝေဠုကျော်က ပြောကြားသည်။
ထို့ပြင် အမှုကိစ္စမှာ ဥပဒေ၏ အဆုံးအဖြတ်ကိုသာ ခံယူမည်ဖြစ်ကြောင်း အလှမယ် သင်းသင်းဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
“ဝေဠုကျော်ကို ကျပ်သိန်း ၅၀ တန် ခံဝန်နှစ်ယောက်နဲ့ အာမခံပေးလိုက်ပါတယ်။ဥပဒေအရကိုက ပေးကိုပေးရမယ့် အမှုဖြစ်တဲ့အတွက် ပေးတာက တရားဝင် မှန်ကန်မှုတစ်ခုပါပဲ။ အမှုစစစ်ဖို့ ရုံးချိန်းတာက ဖေဖော်ဝါရီ ၅ ရက်၊ ဒီအမှုနဲ့ ပတ်သက်လို့ကတော့ ဥပဒေကြောင်းအရပဲ ဆက်သွားမှာပါ။ အဲဒီအပေါ်မှာ ပုဂ္ဂိုလ်ရေးပိုင်း မပါဘူးပေါ့။ ဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူချင်လို့ ကာယကံရှင်က လာခဲ့တယ်။ တရားရုံးက ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းဖြစ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
အဆိုပါ အမှုနှင့်ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ ရုံးချိန်းကို ဖေဖော်ဝါရီ ၅ ရက်သို့ ပြန်လည်ချိန်းဆိုပေးခဲ့ပြီး ယင်းနေ့တွင် အမှုကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
အလှမယ် သင်းသင်းက သရုပ်ဆောင် ဝေဠုကျော်အား ကာမလိမ်လည်ရယူခဲ့သည်ဟုဆိုကာ ဇန်နဝါရီ ၈ ရက်က သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
