ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်နံနက် ၇ နာရီခွဲခန့်က ဆိုင်ကယ်မောင်းနှင်လာသည့်ကျောင်းဆရာတစ်ဦးကို ကားနှင့်တိုက်မိပြီးမောင်းနှင်ထွက်ပြေးခဲ့သူအား (၄၈)နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့ရှိ ရှမ်းရှေ့တန်ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှကျောင်းဆရာတစ်ဦးဖြစ်သည့် ဦးတင်နိုင်ထွဋ်(၆၈)နှစ်သည် ဗိုလ်ချုပ်လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် ပါလျှံရပ်ကွက်၊ ရွှေနဂါး(၈၈) အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်အနီးအရောက် Alphard (အမည်းရောင်)ကားတစ်စီးက နောက်မှဝင်တိုက်မိခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိထား၍ ဆေးရုံသို့ပို့ဆောင်စဉ်ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။
ကျောင်းဆရာအားဝင်တိုက်မိခဲ့သည့် Alphard ကားမှာမောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းအားဖမ်းဆီးရမိရေးအတွက် ဟောင်လိတ်ရဲစခန်းက ယာဉ်(ပ)၁၄/၄ ပုဒ်မ- ၂၇၉/၃၀၄(က)/၂၁၂ တို့ဖြင့်အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
ထို့ကြောင့် မောင်းနှင်ထွက်ပြေးသွားခဲ့သည့် Alphard ကားမှာ ဝမ်လုံးကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးအတွင်း၌ရှိနေသဖြင့် အောက်တိုဘာ ၁၂ ရက်တွင် ရဲတပ်ဖွဲ့ဝင်များမှဝင်ရောက်စစ်ဆေးရာ အခင်းဖြစ်ချိန်ကကားမောင်းသူ စိုင်းကော်ခမ်း(၂၄)နှစ်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေအရအရေးယူနိုင်ရန် တရားစွဲဆိုတင်ပို့ခြင်းလုပ်ငန်းများအား ဟောင်လိတ်ရဲစခန်းမှတာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ေ-သဆုံးခဲ့သည့် ကျောင်းဆရာ၏ရုပ်အလေ-ာင်းအား ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့လည် ၁ နာရီက မဟာမြတ်မုနိကျောင်းမှတစ်ဆင့် ပုံလို့သုဿန်သို့ပို့ဆောင်ကာ မီးသဂြိုလ်ခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
