နှစ် ၈၀,၀၀၀ ကြာမှသာတစ်ကြိမ်နေကိုလှည့်ပတ်သည့် အလင်းလက်ဆုံးကြယ်တံခွန်တစ်ခုကို ကမ္ဘာ့မြောက်ခြမ်း၌ အောက်တိုဘာ ၁၂ ရက်မှစကာ သာမန်မျက်စိဖြင့် မြင်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါကြယ်တံခွန်ကို Comet C/2023 A3 (Tsuchinshan – ATLAS) ဟုအမည်ပေးထားပြီး နောက်ထပ်တစ်ကြိမ်မြင်တွေ့နိုင်ရန် နှစ် ၈၀,၀၀၀ ကြာမြင့်မည်ဖြစ်သဖြင့် ကြယ်တံခွန်ကိုမြင်နိုင်မည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်ဟုဆိုသည်။
ယခုကြယ်တံခွန်သည် နေအဖွဲ့အစည်းအစွန်ဘက်ရှိ Oort Cloud ရှိရာနေရာမှ နေအဖွဲ့အစည်းအတွင်းလှည့်ပတ်နေသည့် ကြယ်တံခွန်အမျိုးအစားတစ်ခုလည်းဖြစ်သည်။
Comet A3 ကို စက်တင်ဘာ ၂၇ နှင့်အောက်တိုဘာ ၂ ရက်နေ့များကလည်း တောင်နှင့်မြောက်ဝင်ရိုးစွန်းအလင်းတန်းများကြား ဖြတ်သွားသည်ကိုမြင်တွေ့ခဲ့ရသော်လည်း ယခုတစ်ကြိမ်သည် ပိုမိုနီးကပ်လာသဖြင့် နေဝင်ပြီးစအချိန် အနောက်အရပ်သို့ကြည့်ပါကသာမန်မျက်စိနှင့်လည်းမြင်ရမည်ဖြစ်သည်။
ယခုကြယ်တံခွန်ကို မြောက်ပိုင်းကြယ် တဖြစ်လဲ ဓူဝံကြယ်နီးပါး လင်းလက်စွာဖြင့်ဖြတ်သန်းသွားမည်ကို ဝင်ရိုးစွန်းဒေသအလင်းတန်းများအကြား မြင်တွေ့ရမည်ဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်နောက်ပိုင်းတွင်တွေ့ရတော့မည်မဟုတ်ဘဲ နောက်နှစ်ပေါင်း ၈၀,၀၀၀ ကြာမှသာ နောက်တစ်ကြိမ်ထပ်မြင်ရမည်ဟုလည်းဆိုသည်။
အဆိုပါကြယ်တံခွန်အား မြန်မာနိုင်ငံမှလည်းမြင်တွေ့နိုင်မည်ဖြစ်သော်လည်း အောက်တိုဘာသည် မြန်မာနိုင်ငံ၌ မိုးတွင်းကာလဖြစ်သဖြင့် မြင်နိုင်ဖို့အနည်းငယ်ခက်ခဲမည်ဆိုသော်လည်း တိမ်ကင်းစင်ပါက နေဝင်ပြီးပြီးချင်း အနောက်အရပ်သို့ကြည့်လျှင်မြင်နိုင်သည်ဟုလည်းသိရသည်။
နေအလင်းရောင်နည်းသည့်နေရာမှစောင့်ကြည့်မှသာလျှင် မြင်တွေ့နိုင်ခြေအခွင့်အရေးပိုများမည်ဖြစ်သည်ဟုလည်းသိရသည်။
Source : Forbes
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
