ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်-မိုင်းပွန်လမ်းမကြီး၊ လွိုင်လင်မြို့အဝင် ပန်ဝိုးရွာတွင် ရေလျှံနေပြီး ယနေ့ အောက်တိုဘာ (၁၃)ရက်အထိ ယာဉ်ကြီးယာဥ်ငယ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသေးကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
ယာဉ်များပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာနိုင်ရန်အတွက် ယမန်နေ့ အောက်တိုဘာ(၁၂)ရက်တွင် သက်ဆိုင် ရာ ဒေသအာဏာပိုင်တာဝန်ရှိသူများက ရေစုပ်စက်များဖြင့် ရေများစုပ်ထုတ်ပေးခဲ့သော်လည်း အခြေအနေထူးခြားမှု မရှိသေးကြောင်း သိရသည်။
“ ဒီလမ်းရေကျသွားတာ မကြာသေးဘူးဗျ။ အခု မိုးသုံးရက်လောက်ရွာလိုက်တာ လွိုင်လင်အဝင် လမ်းမှာ ရေပြန်တက်နေတာ။ လမ်းပေါ်ဘယ်လိုမှ သွားလို့မရလို့ ရပ်ထားရတယ်။ တာဝန်ရှိသူတွေ ရေစုပ်ထုတ်ပေးနေတယ်”ဟု တောင်ကြီး – လွိုင်လင် ဒေသတွင်း ခရီးသွားတစ်ဦးက ပြောသည်။
ထို့ကြောင့် တောင်ကြီးမြို့သို့ သွားလာမည့် ခရီးသွားများအနေဖြင့် လွိုင်လင်-ပင်လုံ-ကျောက်တန်းလမ်းပိုင်းမှ သွားလာနေကြရပြီး ယင်းလမ်းပိုင်းပေါ်ရှိ စနင်းတောင်ပေါ်တွင် မြေပြိုမှုများလည်းရှိနေသဖြင့် သတိထား မောင်းနှင်နေကြရကြောင်း ဆိုသည်။
လက်ရှိတွင် တောင်ကြီး-လွိုင်လင်သွားလာမည်ဆိုပါက လွိုင်လင်-ပင်လုံ- ကျောက်တန်း-တောင်ကြီးလမ်းအပြင်၊ လွိုင်လင်-နမ့်စန်-မောက်မယ်-ဆိုက်ခေါင်- တောင်ကြီး လမ်းများကို အသုံးပြုသွားလာနေရကြောင်း သိရသည်။
ဓာတ်ပုံ-CJ


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
