တရားမဝင်ကုန်စည်များ ဖမ်းဆီးရမိမှုတွင် တိရစ္ဆာန်အစားအစာကုန်ကြမ်းများပါ တင်သွင်းလာသဖြင့် ပိုမိုစစ်ဆေးကြပ်မတ်သွားမည်ဖြစ်
24htopnews | October 13, 2024 9:12 PM CST
နိုင်ငံတဝှမ်း အောက်တိုဘာ (၁၀) ရက်နှင့် (၁၁) ရက်တို့တွင် တရားမဝင်ကုန်စည်မျိုးစုံနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ (၁၇)မှု ရှိခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၇၃၀၀ ကျော် (၇၃၃,၈ ၆၆,၂၂၈ ကျပ်) ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီထံမှ သိရသည်။
အဆိုပါ ဖမ်းဆီးရမိမှုများတွင် တိရစ္ဆာန်အစားအစာကုန်ကြမ်းများ တရားမဝင် တင်သွင်းလာသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။
အရည်အသွေး မပြည့်ဝနိုင်သည့် တိရိစ္ဆာန်အစားအစာများကြောင့် နိုင်ငံအတွင်းရှိ မွေးမြူရေးလုပ်ကိုင်သည့် လုပ်ငန်းရှင်များ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်သကဲ့သို့ စားသုံးသူပြည်သူများလည်း ဘေးအန္တရာယ် ကြုံတွေ့နိုင်သည်ဟု ဆိုသည်။
ထို့ကြောင့် ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ပိုမိုတားဆီးစစ်ဆေးကြပ်မတ်သွားမည်ဖြစ်ကြောင်း သိရသည်။

READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
