ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ စစ်ဘေးသင့် အိမ်ထောင်စု(၉၁၀)စုအတွက် တစ်အိမ်ထောင်လျှင် ကျပ် (၆၀,၀၀၀)တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများကို အောက်တိုဘာ (၁၀)ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း လားရှိုးအခြေစိုက် Freedom Youth Organization (FYO) ထံမှသိရသည်။
အိမ်ထောင်စုအလိုက် ဆန်(၃) ပြည်၊ ဆီ(၅၀)သား၊ဆား(၄၀)သား၊ ကြက်ဥ(၅)လုံး၊ အာလူး(၆)လုံး၊ ခေါက်ဆွဲ (၆) ထုပ်၊ သွားတိုက်တံ(၃)ချောင်း၊ သွားတိုက်ဆေး(၁)ဘူး၊ လစဉ်သုံး(၁)ထုပ် ၊ ငါးပိဘူး(၁)ဘူး၊ ဆပ်ပြာမှုန့်(၁)ထုပ် တို့ကို လက်ဝယ်အရောက်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လှူဒါန်းမှုအား ယင်းနေ့ နံနက်ပိုင်းအချိန်၌ ရပ်ကွက် (၁၂)၊နယ်မြေ (၁၉)ရှိ မန်ဆူရှမ်းဘုန်းကြီး ကျောင်းတွင် အိမ်ထောင်စု (၈၅၀)နှင့် မွန်းလွဲပိုင်းအချိန်တွင် သိန္နီခရိုင်၊ တာပုံအုပ်စု၊ အုတ်ဖိုကျေးရွာရှိ အိမ်ထောင်စု (၆၀) စုတို့ကို အသီးသီး လှူဒါန်းခဲ့ကြသည်။
လားရှိုးစစ်ဘေးသင့်ပြည်သူများအား FYO မှ လှူဒါန်းခဲ့သည်မှာ ယခု အောက်တိုဘာ (၁၀) ရက်နေ့အတွင်းတစ်ကြိမ်၊ စက်တင်ဘာလ (၁၇)ရက်တွင် တစ်ကြိမ်၊ ဩဂုတ်လ(၂၇) ရက်တွင် တစ်ကြိမ် စုစုပေါင်း အိမ်ထောင်စု (၃၆၀၀) ကျော်ကို လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နောက်ပိုင်းတွင်လည်း လားရှိုးမြို့အနီး ကျေးရွာများရှိ စစ်ဘေးရှောင်ပြည်သူများအတွက်လည်း ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
လက်ရှိတွင် လားရှိုးမြို့ရှိ အကြမ်းဖက်အဖွဲ့ကြေညာထားသည့် MNDAA ထိန်းချုပ်ရာနေရာများကို တပ်မတော်က တန်ပြန်လေကြောင်းတိုက်ခိုက်မှုများအပြင် မြေပြင် ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ကာ မြို့တွင်းနေ ဒေသခံပြည်သူများ စားသောက်ရေးအတွက် အခက်အခဲ ကြုံတွေ့နေကြကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
