၂၀၂၄ ခုနှစ်အတွက် ရသစာပေနိုဘယ်ဆုကို တောင်ကိုရီးယား စာရေးဆရာမတစ်ဦးဖြစ်သည့် ဟန်းကန်က ရရှိခဲ့သည်။
ဟန်းကန်သည် သမိုင်းဝင် စိတ်မချမ်းမြေ့ဖွယ် အတွေ့အကြံများကို ရင်ဆိုင်ပြီး ကျိုးပျက်လွယ်သည့် လူ့ဘဝ၏ သဘောသဘာဝကို ဖော်ထုတ်ပြသသည့် ထက်သန်သည့် ကဗျာဆန်သော စကားပြေအရေးအသားအတွက် ရသစာပေနိုဘယ်ဆုကို ချီးမြှင့်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ဆွီဒင်အကယ်ဒမီက ပေးအပ်သည့် ထိုနိုဘယ်ဆုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းတန် ကြေးရှိသည်။
“သူဟာ ရုပ်နဲ့နာမ်အကြား၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းအကြား ချိတ်ဆက်မှုတွေကို တမူထူးခြားစွာ နားလည်သဘောပေါက်ခဲ့ပြီး သူ့ရဲ့ကဗျာဆန်ပြီး လက်တွေ့စမ်းသပ်တဲ့ ရေးဟန်ဟာ ခေတ်ပြိုင်စကားပြေ လောကမှာ ဆန်းသစ်တီထွင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်”ဟု နိုဘယ်ကော်မတီ၏ဥက္ကဋ္ဌ အန်ဒါစ် အိုလ်ဆန်က ပြောကြားခဲ့သည်။
ဟန်းကန်သည် ရသစာပေနိုဘယ်ဆုကို ရရှိသည့် ပထမဆုံး တောင်ကိုရီးယားနိုင်ငံသားဖြစ်ပြီး ၁၉၉၃ ခုနှစ်ကတည်းက စာပေလောကထဲ စတင်ဝင်ရောက်ခဲ့ကာ ရသစာပေနှင့် လူမှုရေးမဂ္ဂဇင်းတွင် ၎င်း၏ ကဗျာများ စတင် ဖော်ပြခဲ့ခဲ့ရသည်။
Ref:Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
