နော်ဝေလက်ရွေးစင်တိုက်စစ်မှူး အာလင်းဟာလန်းသည် ဆလိုဗေးနီးယားအသင်း နှင့်ပွဲတွင် နှစ်ဂိုးသွင်းယူပြီးနောက် အသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၀ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၄-၂၀၂၅ UEFA Nations League (B) ၏ အုပ်စု (၃) ပွဲစဉ်တွင် နော်ဝေ အသင်းက ဆလိုဗေးနီးယားအသင်းကို အိမ်ကွင်း၌ (၃-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး ဟာလန်းက ၇၊ ၆၂ မိနစ်တွင် နှစ်ဂိုးသွင်းယူပေးခဲ့သည်။ ယင်းပွဲတွင် အသင်းခေါင်းဆောင် မာတင်အော်ဒီဂွါ ဒဏ်ရာကြောင့် မပါဝင်နိုင်သဖြင့် ဟာလန်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရခဲ့ပြီး ဂိုးအများဆုံးစံချိန်ပါ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဟာလန်း (၂၄ နှစ်) သည် ၂၀၁၉ ခုနှစ်တွင် နော်ဝေလက်ရွေးစင်အဖြစ် စတင်ကစားခွင့်ရခဲ့ပြီး ၃၆ ပွဲကစား၊ ၃၄ ဂိုးသွင်းယူကာ ဂိုးအများဆုံး စံချိန်တင်နိုင်ခဲ့ပြီဖြစ်သည်။ ၎င်းအနေဖြင့် ၁၉၂၈ မှ ၁၉၃၇ ခုနှစ်အတွင်း ၄၅ ပွဲကစား၊ ၃၃ ဂိုးသွင်းယူခဲ့သည့် တိုက်စစ်မှူးဟောင်း ယော်ဂန်ယူဗန်၏စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
"ဟုတ်ပါတယ်။ ဒါက ကြီးကျယ်ခမ်းနားပြီး သမိုင်းဝင်မှတ်တမ်းပါ။ ဒီလို အံ့အားသင့်စရာမှတ်တမ်း ပိုင်ဆိုင်ခွင့်ရခဲ့လို့ ကျွန်တော် ဝမ်းသာပါတယ်။ ကျွန်တော့်အတွက် နှစ်တွေ အများကြီးကျန်ပါသေးတယ်။ ကိုယ့်ဘာသာ ပျော်နေပါတယ်" ဟု ဟာလန်းက ဆိုသည်။
ထို့ပြင် ဟာလန်းက အကျႌအောက်တွင် ဘောလုံးထည့်ထားပြီး လက်မကိုနှုတ်ခမ်းဖြင့် ထိထားသည့်ဓာတ်ပုံအား X တွင် တင်ထား ပြီး ကလေးပုံစံ Emoji ရေးထားသဖြင့် မကြာခင် ရင်သွေးရရှိတော့မည်ဟု ခန့်မှန်းသုံးသပ်မှုများ ရှိနေသည်။
နော်ဝေအသင်းအတွက် ဂိုးအများဆုံး သွင်းယူထားသူများ
အမည် ကာလ ပွဲ ဂိုး
ဟာလန်း ၂၀၁၉-လက်ရှိ ၃၆ ၃၄
ယော်ဂန်ယူဗန် ၁၉၂၈-၁၉၃၇ ၄၅ ၃၃
ဂန်ဒါဆန် ၁၉၁၇-၁၉၂၈ ၃၃ ၂၆
ဟန်နမ်း ၁၉၄၉-၁၉၆၀ ၄၃ ၂၅
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
