ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီသည် အသင်းဥက္ကဋ္ဌ ပီရက်ဇ် နှင့်တွေ့ဆုံပြီး လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ ခေါ်ယူပေးရန်အတွက် တောင်းဆိုသွားမည်ဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီတွင် ခံစစ်ပိုင်းဒဏ်ရာပြဿနာများနှင့် ကြုံတွေ့ရပြီး အလာဘာမှာ ဇန်နဝါရီလကုန်ပိုင်းအထိ ကစားနိုင်ဖွယ်မရှိသေးသလို ကာဗာဟယ်လ်မှာလည်း ACL ဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားယူရတော့မည် ဖြစ်သည်။ လက်ရှိ ရီးယဲလ်မက်ဒရစ်အသင်း၏ ညာနောက်ခံနေရာတွင် တိုက်စစ်မှ ခံစစ်ကို ပြောင်းကစားသည့် စပိန်ဝါရင့်ကစားသမား ဗက်ဇ်ကေးတစ်ဦးသာ ကျန်ရှိတော့သည်။
Marca ၏ဖော်ပြချက်အရ ရီးယဲလ်မက်ဒရစ် အသင်းနည်းပြ အန်ဆယ်လော့တီသည် ဗီလာရီးယဲလ်အသင်းအား အနိုင်ရသည့်ပွဲအပြီးတွင် အသင်းအထွေထွေမန်နေဂျာ ဆန်းချက်ဇ်၊ အားကစားဒါရိုက်တာ ဆိုလာရီတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံမှုတွင် ၎င်းတို့သုံးဦးသည် အသင်းဒဏ်ရာ အခြေအနေကို အဓိကဆွေးနွေးခဲ့ကြပြီး ဒဏ်ရာရနေသည့် ကစားသမားများ၏နေရာတွင် အသင်းအကယ်ဒမီမှ ကစားသမားများကို အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ တိုင်ပင်ခဲ့ကြကြောင်း သိရသည်။
အန်ဆယ်လော့တီသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလကတည်းက ခံစစ်ပိုင်းကိုအားဖြည့်ရန် လိုလားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ရီးယဲလ်မက်ဒရစ်အသင်း သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် လိုင်လီအသင်းမှ ပြင်သစ်လူငယ် နောက်ခံကစားသမား ယိုရို(၁၈ နှစ်)အားခေါ်ယူရန် ကြိုးပမ်းခဲ့သေးသည်။ သို့သော် ရီးယဲလ်မက်ဒရစ်အသင်းသည် ယိုရိုအတွက် လိုင်လီ အသင်း တောင်းဆိုသည့်စျေးမပေးလိုသဖြင့် ကစားသမားသည် မန်ယူအသင်းထံသို့ပြောင်းရွှေ့သွားခဲ့သည်။
ယခုအခါ အန်ဆယ်လော့တီ၊ ဆန်းချက်ဇ်နှင့် ဆိုလာရီတို့သည် သုံးဦးစလုံးသည် လာမည့်ဇန်နဝါရီတွင် အသင်း၏ ခံစစ်ကို အင်အားဖြည့်တင်းရန်လိုအပ်သည်ဟု သဘောတူခဲ့ကြပြီး အင်အားဖြည့်တင်းမှုများ မပြုလုပ်ပါက ယခုရာသီ ၎င်းတို့၏ရည်မှန်းချက်များကို ထိခိုက်နိုင်သည်ဟု ယုံကြည်နေကြကြောင်း သိရသည်။
ထို့ကြောင့် ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ၊ အထွေထွေမန်နေဂျာ ဆန်းချက်ဇ် နှင့် အားကစားဒါရိုက်တာ ဆိုလာရီတို့သည် အသင်းဥက္ကဋ္ဌ ပီရက်ဇ်နှင့်တွေ့ဆုံကာ လာမည့်ဇန်နဝါရီတွင် လူသစ်ခေါ်ပေးရန်တိုက်တွန်းသွားမည်ဖြစ်ကြောင်း Marca က ဖော် ပြခဲ့သည်။ သို့သော် ရီးယဲလ်ထိပ်တန်းတာဝန် ရှိသူများအနေဖြင့် လူသစ်ခေါ်ယူရာတွင် အသင်းနှင့်ရေရှည်အဆင်ပြေမည့်သူကိုသာခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။ ရီးယဲလ်အသင်းသည် လာမည့်ရာသီတွင် ခံစစ်ကိုအဓိက အားဖြည့်ရန်စီစဉ်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
