၂၀၂၄ ခုနှစ် နှစ်စပိုင်းကတည်းက အာဖရိကဒေသတွင်းရှိ နိုင်ငံ ၁၅ နိုင်ငံတွင် ရောဂါ ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့ကာ ရောဂါကူးစက်မှုများကို ရှာဖွေဖော်ထုတ်စစ်ဆေးမှုနှင့် ကုသမှုရရှိရန် အားနည်းသော ယင်းဒေသတွင် clade မျိုးကွဲအများအပြားသည် အခြေအနေကို ပိုမိုဆိုးရွားလာနိုင်ကြောင်း WHO က သတိပေး ပြောကြားခဲ့သည်။
အာဖရိကဒေသတွင် mpox ကူးစက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ WHO ၏နောက်ဆုံးထုတ်ပြန်ထားသည့် အစီရင်ခံစာအရ အာဖရိကဒေသရှိ နိုင်ငံ ၁၅ နိုင်ငံတွင် လက်ရှိအချိန်၌ mpox ကူးစက်ပျံ့နှံံ့လျက်ရှိပြီး ဂါနာနိုင်ငံ တွင်လည်း အောက်တိုဘာလအစောပိုင်း mpox ကူးစက်မှုဖြစ်စဉ်အသစ်ကို တွေ့ရှိခဲ့သည်။
၂၀၂၄ ခုနှစ်တွင် စက်တင်ဘာ ၂၉ ရက်နေ့အထိ အာဖရိကဒေသတွင်း mpox သံသယဖြစ်စဉ် ၃၇,၃၂၅ ဦးရှိပြီး mpox ကြောင့် သေဆုံးသူ ၉၉၆ ဦးရှိကာ အတည်ပြုဖြစ်စဉ် ၆၆၀၂ ဦးရှိသည်။ mpox အဓိကကူးစက်ဖြစ် ပွားနေသည့် နိုင်ငံသည် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီအာကွန်ဂိုတွင် mpox သံသယဖြစ်စဉ် ၃၀,၇၆၆ ခုဖြစ်ပြီး ရောဂါစစ်ဆေးမှု အားနည်းခြင်း ကျန်းမာရေးဇုန် အများအပြားတွင် ကုသမှုအားနည်းခြင်းတို့ကြောင့် သေဆုံးမှုနှုန်း ပိုမိုမြင့်တက်လာခြင်းနှင့် ရင်ဆိုင်နေရသည်။
၂၀၂၄ ခုနှစ်တွင် သံသယဖြစ်စဉ်များ၏ ၃၉ ရာခိုင်နှုန်းကိုသာ စစ်ဆေးနိုင်ခဲ့ပြီး ယင်း စစ်ဆေးသည့် ဖြစ်စဉ်များအကြား ကူးစက်ခံရမှုနှုန်းသည် ၅၅ ရာခိုင်နှုန်း ဝန်းကျင်ရှိကြောင်း WHO က သတိပေးထားသည်။
mpox သံသယဖြစ်စဉ်အများအပြားကို မစမ်းသပ်ရသေးကြောင်း WHO က သတိပေး ပြောကြားခဲ့သည်။
ကြီးမားသော ဗဟိုအာဖရိကနိုင်ငံဖြစ်သည့် ကွန်ဂိုနိုင်ငံတွင်လည်း ကျန်းမာရေးအာဏာပိုင်များက mpox ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ကွန်ဂိုတွင် ကြုံတွေ့နေသည့် ပြဿနာ အများအပြားက ရောဂါကူးစက်မှုကို ရပ်တန့်စေရန် အဟန့်အတား ဖြစ်စေခဲ့သည်။
ယခင်က မျောက်ကျောက်ရောဂါဟုလူ သိများခဲ့သော mpox သည် ရေကျောက်ကဲ့သို့ ဗိုင်းရပ်စ်များနှင့် တူညီသော မျိုးနွယ်စုတစ်စုထဲမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။သို့သော် ဖျားနာမှုကဲ့သို့ အပျော့စား လက္ခဏာများကို သာဖြစ်ပေါ်ခံစားရနိုင်သည်။
ပြင်းထန်ဖြစ်စဉ် ခံစားရသူများတွင်မူ အရေပြားတွင် အနာများပေါက်လေ့ရှိသည်။ အာဖရိကတွင် နောက်ဆုံးအကြိမ် ဖြစ်ပွားသည့် ကူးစက်မှုဖြစ်စဉ်များတွင် သေဆုံးသူ ၇၂၀ ကျော်ရှိပြီး အများစုမှာ ကွန်ဂိုနိုင်ငံမှ ဖြစ်သည်။
mpox ရောဂါသည် ဗိုင်းရပ်စ်ကူးစက်ခံထားရသော တိရစ္ဆာန်များမှ လူသားများကို ကူးစက်နိုင်သော ရောဂါဖြစ်သည်။၂၀၂၂ခု နှစ်တွင် ကမ္ဘာတစ်ဝန်း mpox ရောဂါကူးစက် ပျံ့နှံ့ချိန်က ဗိုင်းရပ်စ်သည် အထူးသဖြင့် လိင်ဆက်ဆံမှုနှင့် ရုပ်ပိုင်းဆိုင်ရာ အနီးကပ်ထိတွေ့မှုမှတစ်ဆင့် အဓိကကူးစက်ပျံ့နှံ့ခဲ့သည်။
mpox ဗိုင်းရပ်စ်တွင် clade 1နှင့် clade 2 ဟူ၍နှစ်မျိုးရှိကာ clade နှစ်ခုစီတွင် a နှင့် b ဟူ၍ အခွဲ clade များရှိသည်။ယင်း clade နှစ်မျိုးနှင့် အခွဲ clade များသည် မတူညီသော နေရာဒေသများတွင် ပျံ့နှံ့လျက်ရှိပြီး မတူညီသော လူဦးရေများအပေါ် သက်ရောက်မှုရှိသောကြောင့် ဒေသအလိုက် အံဝင်ခွင်ကျရှိပြီး လိုက်လျောညီထွေရှိသည့် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း WHO ကပြောကြားခဲ့သည်။“ဒါဟာ နောက်ထပ် COVID-19 အမျိုးအစားမဟုတ်ပါဘူး”ဟု WHO ကပြောကြားခဲ့သည်။ mpox ဗိုင်းရပ်စ်သည် ၂၀၂၂ ခုနှစ်တွင် အာဖရိကပြင်ပသို့ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့ခဲ့သည်။ Ref:Xinhua
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
