၄၈ နာရီအတွင်း လက်ဘနွန်တွင်ရှိသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရသည့် ဖြစ်ရပ်နှစ်ခု ဖြစ်ပွားလာပြီးနောက် ၊ ယင်းကဲ့သို့ ပစ်ခတ်မှုများ ဆက်မလုပ်ရန် အစ္စရေးအား အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တောင်းဆိုလိုက်သည်။
အောက်တိုဘာ ၁၁ ရက်တွင် အစ္စရေးကာကွယ်ရေးတပ်(IDF) က ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့မှ သီရိလင်္ကာစစ်သားနှစ်ဦး အနာတရဖြစ်ခဲ့ခြင်းမှာ ၎င်းတို့ကြောင့်ဟု ဝန်ခံကြေညာခဲ့သည်။ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်စခန်းအနီး တာဝန်ကျနေသည့် အစ္စရေးစစ်သားများက အန္တရာယ်ပစ်မှတ်တစ်ခုကိုတွေ့ပြီး ပစ်ခတ် လိုက်ခြင်းဖြစ်ကြောင်းနှင့် ဖြစ်စဉ်ကို စုံစမ်းဖော်ထုတ် သွားမည်ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားသည်။
အောက်တိုဘာ ၁၀ ရက်ကလည်း အစ္စရေးတင့်ကားတစ်စီးက ပစ်ခတ်လိုက်မှုကြောင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့မှ အင်ဒိုနီးရှားစစ်သားနှစ်ဦး စောင့်ကြည့်ရေးမျှော်စင်ပေါ်မှပြုတ်ကျကာ ဒဏ်ရာရခဲ့သည်။
ပြင်သစ်၊ အီတလီနှင့် စပိန်နိုင်ငံတို့မှ ခေါင်းဆောင်များကမူ အစ္စရေး၏လုပ်ရပ်ကို အတူတကွ ရှုတ်ချ လာကြသည်။ အစ္စရေး၏လုပ်ရပ်က လက်ခံနိုင်ဖွယ် မရှိသဖြင့် ချက်ချင်းရပ်ပါဟုလည်း တိုက်တွန်းနေကြသည်။
အစ္စရေးဘက်ကလည်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့သည် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို
ဆောင်ရွက်နိုင်ခြင်းမရှိဟုဆိုကာ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မဖြစ်အောင် အစ္စရေးမြောက်ပိုင်းမှ သုံးမိုင်အကွာ ဆုတ်ခွာ တပ်စွဲရန် ၊ သို့မှသာ အစ္စရေးက ဟဇ်ဘိုလာနှင့် ဆက်တိုက်နိုင်မည်ဟု အသိပေးထားသည်။ သို့သော်လည်း ကုလသမဂ္ဂဘက်က နဂိုနေရာတွင်သာ ၎င်းတို့တပ်ဆက်ရှိနေမည်ဟု အလျှော့မပေးပြောနေသည်။
Ref: BBC
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
